Home
မြန်မာသတင်း
ချမ်းမြသာစည် မီးလောင်မှု နေအိမ် ၁၃ လုံး ဆုံးရှုံး
DVB
·
March 2, 2020
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း အနောက်ဘက်ရှိ ချမ်းမြသာစည်တောင်ရွာသစ် သုခလမ်းသွယ်မှာ မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၁၃ လုံး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ချမ်းမြသာစည် တောင်ရွာသစ် အကွက် ၈၆၀  ရှိ ပျဉ်ထောင် ၂ ထပ် နေအိမ် ဘုရားစင်ကနေ သွယ်တန်းထားတဲ့ ဝါယာကြိုး အပူလွန်ကဲရာကနေ ဘုရားစင်ကို မီးစတင်ကူးစက် လောင်ကျွမ်းခဲ့ပြီး စုစုပေါင်း နေအိမ် ၁၃ လုံး ဆုံးရှုံးခဲ့တာပါ။ မီးလောင်မှုကို တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်ပြီး မီးငြိမ်းသတ်ယာဉ် အစီး ၃၀၊ ရေသယ် ယာဉ် အစီး ၂၀၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေ ၇၀၊ အရန်မီးသတ် ၁၃၀ တို့နဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ကျပ် ၆၅ သိန်းကျော်ဖို့ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ နေအိမ်ဆုံးရှုံးခဲ့ကြတဲ့ အိမ်ထောင်စု ၂၂ စုက လူ ၆၉ ဦးတို့ကို ရွာဘုံဆုတောင်းပြည့် ဓမ္မရုံအတွင်းမှာ ကူညီရေးစခန်းဖွင့်လှစ်စောင့်ရှောက်ထားပါတယ်။ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)နယ်မြေရဲစခန်းက မီးစတင်လောင်ကျွမ်းရာအိမ်ရဲ့ အိမ်ငှားဖြစ်သူကို ပ-၉၂ /၂၀၂၀)၊ ပုဒ်မ (၂၈၅) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024