ဒေါ့ဖုန်းယန်တွင် ဝက်အကောင်ရေ ၂၀၀ ခန့် ရုတ်တရက်သေဆုံး
DVB
·
March 1, 2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ မွေးမြူထားတဲ့ ဝက်အကောင်ရေ ၂၀၀ လောက် ရုတ်တရက် သေဆုံးခဲ့ကြတယ်လို့ ဒေါ့ဖုန်းယန်နယ်မြေရဲစခန်းက သိရပါတယ်။
ဒေါ့ဖုန်းယန်မြို့အုပ်ချုပ်ရေးမှူးအပါအဝင် တာဝန်ရှိသူတွေ ဖေဖော်ဝါရီ ၂၉ ရက် နေ့လယ်ပိုင်းက သွားရောက်စစ်ဆေးခဲ့ကြပြီး ရပ်ကွက်/ကျေးရွာတွေမှာ မွေးမြူထားတဲ့ ဝက်တွေဟာ ပါးစပ်က အမြှုပ်ထွက်ကာ နှာခေါင်းပေါက်က သွေးတွေ ယိုထွက်ပြီး ရုတ်တရက်သေဆုံးတာ တွေ့ရှိခဲ့ရပါတယ်။
ဒေါ့ဖုန်းယန်ရပ်မြို့မရပ်ကွက် ၁ မှာ အကောင်ရေ ၅၀၊ တာဆိုင်ကျေးရွာမှာ ၁၇ ကောင်၊ နားလုံကျေးရွာမှာ ၁၀၂ ကောင်အပါအဝင် စုစုပေါင်း ၁၈၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျန်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ မွေးမြူထားတဲ့ ဝက်တွေ သေဆုံးမှုရှိ မရှိလည်း တာဝန်ရှိသူတွေ စစ်ဆေးနေတယ်လို့ သိရပါတယ်။
အခုလို ဝက်တွေ အကောင်ရေ ရာနဲ့ချီ သေဆုံးတာနဲ့ပတ်သက်ပြီး မိုးမောက်မြို့နယ် တိရစ္ဆာန်မွေးမြူရေးနဲ့ကုသရေးဌာနက ဒေါက်တာ စည်သူလွင်အပါအဝင် နှစ်ဦးတို့ ကွင်းဆင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။