Home
မြန်မာသတင်း
ရွှေ့ဆိုင်းခဲ့သည့် မဟာဘွဲ့နှင်းသဘင် အခမ်းအနား နေပြည်တော်တွင် ကျင်းပမည်
DVB
·
February 29, 2020
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်တဲ့ ၃၄ ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို နေပြည်တော်မှာ ကျင်းပမယ်လို့ သာသနာရေးဦးစီးဌာနက ဆိုပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်မှာ ကျင်းပတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲရဲ့ အထူးအစည်းအဝေးကနေ ဒီဘွဲ့နှင်းသဘင်အခမ်းအနားကို အထူးကိစ္စတရပ်အနေနဲ့ နေပြည်တော်မှာ မတ် ၁၀ ရက်ကနေ ၁၂ ရက်အတွင်း တရက်တရက်မှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အစိုးရ သတင်းစဉ်က ဖော်ပြပါတယ်။ ဒီဆုံးဖြတ်ချက်အရ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် သာသနာ့မဟာဗိမာန်မှာ မတ် ၁၁ ရက် မွန်းတည့် ၁၂ နာရီမှာ ကျင်းပဖို့အတွက် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒီအခမ်းအနားကို ၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၇ ရက်မှာ မန္တလေးမြို့၊ မဟာအတုလဝေယံ(အတုမရှိ) ကျောင်းမှာ ကျင်းပဖို့ မူလက သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် 2019 Novel Coronavirus (2019-nCOV) စောင့်ကြည့် စစ်ဆေးကုသရေး ကော်မတီရဲ့ တင်ပြချက်အရ မန္တလေးတိုင်းအစိုးရအဖွဲ့အစည်းအဝေးက မန္တလေးတိုင်းထဲမှာ လူစုလူဝေး အင်အား အများအပြားနဲ့ ကျင်းပပြုလုပ်မယ့် အခမ်းအနားတွေ မကျင်းပဖို့ ဆုံးဖြတ်ထားခဲ့တာကြောင့် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မန္တလေးတိုင်းအစိုးရအဖွဲ့က အဲဒီပွဲကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းချင်တယ်လို့ မေတ္တာရပ်ခံခဲ့ပါတယ်။ သာသနာရေးဦးစီးဌာနကလည်း ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တာဝန်ကျဆရာတော်ကြီးတွေကို လျှောက်ထားခဲ့ပြီး ဆရာတော်ကြီးတွေက သဘောတူခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024