ပါကစ္စတန်တွင် ရထားနှင့်ဘတ်စ်ကားတိုက်မှုကြောင့် ၁၈ ဦးသေဆုံး၊ ၅၅ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံမှာ လူစီးရထားက ဘတ်စ်ကားတစ်စီးကို ဝင်တိုက်လို့ ၁၈ ယောက်ထက်မနည်း သေဆုံးပြီး ၅၅ ယောက်  ဒဏ်ရာရတယ်လို့ The Economics Times သတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ်မှာ Pakistan Express ရထားက ဘတ်စ်ကားကို ဝင်တိုက်ခဲ့တာပါ။ ရထားဟာ ကာရာချိမြို့ကနေ လာဟိုးမြို့ဆီထွက်ခွါလာပြီး  အတိုက်ခံရတဲ့ ဘတ်စ်ကားကတော့ ပန်ဂျပ်ပြည်နယ် အလယ်ပိုင်းက ဆာဂေါ့ဒါမြို့ဆီ ဦးတည်မောင်းနေတာပါ။  အစောင့်မရှိတဲ့ ရထားလမ်းနဲ့ ကားလမ်းဆုံမှာ ရထားတိုက်မှုဖြစ်ခဲ့ပြီး အတိုက်ခံရတဲ့ ဘတ်စ်ကားဟာ နှစ်ခြမ်းကွဲထွက်သွားတယ်လို့ ရထားတိုက်မှုဖြစ်ရာနေရာမှာရှိတဲ့ ရထားအရာရှိ  ကိုးလ်ကာချီက ပြောပါတယ်။  သေဆုံးဒဏ်ရာရသူအကုန်လုံးဟာ ဘတ်စ်ကားပေါ်က ဖြစ်တယ်လို့လည်း ကိုးလ်ကာချီက ပြောပြီး ရထားမောင်း အကူလည်း အနည်းငယ် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံး ဒဏ်ရာရသတင်းကို  ရထားအရာရှိ ကိုးလ်ကာချီက အေအက်ဖ်ပီကို အတည်ပြုခဲ့ပြိး ကယ်ဆယ်ရေး လုပ်နေပေမယ့် ညအမှောင်ကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ သူက  ပြောပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up