Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်ရှိ စာသင်ကျောင်းအချို့တွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲ မစစ်ဆေးနိုင်
DVB
·
February 27, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့လို့ ကျေးရွာ ၉ ရွာက စာသင်ကျောင်း ၉ ကျောင်းမှာ အခုနှစ် အတန်းတင်အစိုးရစစ် စတုတ္ထတန်းနဲ့ အဋ္ဌမတန်း စာမေးပွဲတွေကို မစစ်ဆေးနိုင်ကြောင်း ဘူးသီးတောင်မြို့နယ် ပညာရေးမှူးရုံးကနေ သိရပါတယ်။  အဲ့ဒီ ကျောင်းသူကျောင်းသားတွေ အနေနဲ့ နီးစပ်ရာကျေးရွာတွေရှိ စာသင်ကျောင်းတွေနဲ့ ဘူးသီးတောင်မြို့ပေါ်က ကျောင်းတွေမှာ သွားရောက်ဖြေဆိုရမှာ ဖြစ်ပါတယ်။  ကျောင်းဖွင့်လှစ် စာမေးပွဲးမစစ်ဆေးနိုင်တဲ့ စာသင်ကျောင်း ၉ ကျောင်းကတော့ (အ.မ.က) စပါးထား၊ (အ.မ.က)ကွမ်းတောင်၊ (မူလွန်)စံဂိုးထောင်၊ (အ.မ.က)ဥယာဉ်သာ၊ (လခွဲ) နွားရုံတောင်၊ (အ.မ.က)ကံပြင်၊ (မူလွန်)ပြင်ချောင်း၊ (အမက)သျှရှားတောင်၊ (အ.မ.က)(ခွဲ) အလယ်ချောင်း(ခမီ)တို့ ဖြစ်ပါတယ်။   ၂၀၁၉/၂၀၂၀ ပညာသင်နှစ်  စတုတ္ထတန်း အတန်းတင်အစိုးရစစ်စာမေးပွဲကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၈ ထိ စစ်ဆေးသွားမှာဖြစ်ပြီး အဋ္ဌမတန်း စာမေးပွဲကိုတော့ ဖေဖော်ဝါရီ ၂၄ ရက်က စတင်ပြီး  မတ်လ ၃ ရက်နေ့မှာ ပြီးစီးမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024