Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ပထမဆုံး လူငယ်စင်တာ မုံရွာတွင်ဖွင့်လှစ်
Aung Ko Latt
·
February 27, 2020
88102720_1257232964481696_981582597605818368_n
87996464_1257233961148263_5374611435856855040_n
87510531_1257234107814915_8709463390113759232_n
87611255_1257234401148219_3469343512191827968_n
87261931_1257234587814867_5752421794577383424_n
စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကနေ ဦးဆောင်ကာ လူငယ်စင်တာကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က မုံရွာမြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။ ဒီလူငယ်စင်တာက မြန်မာနိုင်ငံရဲ့ ပထမဆုံးသော လူငယ်စင်တာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ ဝန်ကြီးတွေ၊ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စစ်ကိုင်းတိုင်းလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဝင်းနဲ့  လူငယ်ရေးရာကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။  မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒကို ၂၀၁၇ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့ပြီး စစ်ကိုင်းတိုင်း လူငယ်ရေးရာကော်မတီကိုတော့ အစိုးရအဖွဲ့က ၄၀ ရာခိုင်နှုန်း၊ လူငယ် ၆၀ ရာခိုင်နှုန်း နဲ့ ၂၀၁၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာပါ။  အခမ်းအနားမှာ ဒေါက်တာဝင်းမြတ်အေးက လူငယ်တွေရဲ့ အခန်းကဏ္ဍ အရေးကြီးပုံတွေ၊ မူးယစ်ဆေးဝါးအန္တရာယ်တွေနဲ့ပတ်သက်လို့ ဝိုင်းဝန်းကာကွယ်တားဆီးဖို့ကိစ္စနဲ့ လူငယ်ရေးရာ ကော်မတီတွေအတွက် ဘတ်ဂျက်ခွဲဝေချထားပေးမယ့်အကြောင်းတွေကို ပြောဆိုခဲ့ပါတယ်။  လူငယ်စင်တာမှာ ပြင်ဆင်ထားတဲ့အခြေအနေတွေကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပါသေးတယ်။ လူငယ်စင်တာမှာတော့ လူငယ်တွေအတွက် ဘာသာစကားသင်တန်းတွေ၊ နိုင်ငံရေးသင်တန်းတွေ၊ အခြားသက်မွေးသင်တန်းတွေကိုလည်း ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024