Home
မြန်မာသတင်း
ပုသိမ်ခရိုင်တွင် မဲရုံ ၂ ရုံနှင့် ဆန္ဒမဲပေးခွင့်ရှိသူ ၂၅၀၀၀ ဦးခန့် ထပ်တိုးလာ  
DVB
·
February 27, 2020
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်မှာ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ လူဦးရေစာရင်းဟာ ၂၀၁၅ ခုနှစ်ကထက် ၂၅၀၀၀ နီးပါးပိုတိုးလာတယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေတွေကို ဒီကနေ့ မီဒီယာတွေနဲ့ တွေ့ဆုံအသိပေးရာမှာ ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောဆိုခဲ့တာပါ။ လက်ရှိအချိန်မှာ ကော်မရှင်အနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေ မဲပေးခွင့်မကျန်ရှိရေး၊ မဲဆန္ဒနယ်ပြင်ပရောက်တဲ့ ပုဂ္ဂိုလ်တွေစာရင်းနဲ့ ခရိုင်အတွင်း ဝင်ထွက်သူစာရင်း စတဲ့အချက်အလက်တွေကို အဓိကထားလုပ်ဆောင်နေရတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင့်လွင်က ရှင်းပြပါတယ်။ လက်ရှိအချိန်မှာ ဇန်နဝါရီလကုန်ပိုင်းထိ ပုသိမ်ခရိုင်အတွင်းမှာ မဲရုံပေါင်း ၁၂၆၇ ရုံနဲ့ မဲပေးနိုင်တဲ့လူဦးရေပေါင်း ၁၁၅၈၅၀၆ ဦးရှိတယ်လို့ ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပချိန်တုန်းက ပုသိမ်ခရိုင်အတွင်း မဲရုံပေါင်း ၁၂၆၅ ရုံနဲ့ မဲပေးနိုင်တဲ့ လူဦးရေ ၁၁၃၄၈၇၀ ဦးသာရှိခဲ့ပါတယ်။ ဒါကြောင့် ၅ နှစ်အတွင်း မဲရုံ ၂ ရုံတိုးလာပြီး မဲပေးနိုင်တဲ့ လူဦးရေကလည်း  ၂၃၆၃၆ ဦးတိုးတယ်လို့ ကော်မရှင်ထံက သိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024