Homeမြန်မာသတင်း
အွန်လိုင်းပေါ်နာမည်ကြီးနေသည့် ပေါက်မြို့နယ်က ဆရာမလေးများနှင့် ကျောင်းသားလေးများ၏ မြူးမြူးကြွကြွ အက(ရုပ်သံ)
အွန်လိုင်းပေါ်နာမည်ကြီးနေသည့် ပေါက်မြို့နယ်က ဆရာမလေးများနှင့် ကျောင်းသားလေးများ၏ မြူးမြူးကြွကြွ အက(ရုပ်သံ)
DVB
·
February 27, 2020
မကွေးတိုင်းထဲက အထက်တန်းကျောင်းတကျောင်းမှာ ဆရာမလေးတွေနဲ့ ကျောင်းသားတွေ မြူးမြူးကြွကြွ ကခုန်နေကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင် တာနက်စာမျက်နှာတွေပေါ် ရေပန်းစားနေခဲ့ပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မြူးကြွတဲ့ ဂီတစည်းချက်နဲ့အတူ တူညီအဖြူအစိမ်း ဝတ်စုံဝတ် ဆရာမလေးတွေ၊ ကျောင်းသားတွေဟာ ပျော်ပျော်ရွှင်ရွှင် ကခုန်နေခဲ့ကြတာ ဖြစ်ပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အထက ကံပိုင်တောင်ရွာက စုံညီပွဲတော်မှာ ရိုက်ကူး ထားခဲ့တဲ့ ဒီရုပ်သံကိုတော့ Ei Moh Moh Win အမည်နဲ့ အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့် ကနေ မျှဝေထားခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာတော့ “ဆယ်တန်းစာမေးပွဲနီးနေသော်လည်း ကိုယ့်က လေးတွေက စာတွေပိုင်နေသောအခါ”လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။
မြူးမြူးကြွကြွ တေးသွားစည်းချက်နဲ့အညီ ကလေးတွေရော၊ ဆရာဆရာမတွေပါ ကခုန်နေခဲ့ကြတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို လတ်တလောအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ခုလိုပျော်ပျော်ရွှင်ရွှင်ကခုန်နေကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို တချို့က ဝေဖန်တာတွေရှိ နေပေမယ့် အများစုကတော့ ချီးကျူးမှတ်ချက်တွေ ပေးထားခဲ့ကြတာကို တွေ့ရပါတယ်။