A d v e r t i s e m e n t With Us

စစ်ခုံရုံးခေတ် နစ်နာမှုများကို ပြန်လည်သုံးသပ်ပေးရန် အစီအစဉ် မရှိ

ဦးသိန်းညွှန့်
အရင် အစိုးရလက်ထက်က စစ်ခုံးရုံးများဖြင့် စစ်ဆေးစီရင် ပြစ်ဒဏ် ချမှတ်ခဲ့တဲ့ ကိစ္စရပ်များနဲ့ စပ်လျဉ်းပြီး သင်္ဃန်းကျွန်း လွှတ်တော်အမတ် ဦးသိန်းညွန့်က ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့တဲ့အပေါ် ပြန်လည်သုံးသပ်ပေးဖို့ အစီအစဉ်မရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးစိုးညွန့်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ စစ်ခုံရုံးနဲ့အကျဉ်းထောင်အထူးရုံးတွေမှာ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် နစ်နာဆုံးရှုံးခဲ့ရတဲ့ နိုင်ငံသားတွေရဲ့အခွင့်အရေးကို ခံစားခွင့် ပေးနိုင်ရေးနဲ့ ပတ်သက်ပြီး အစီစဉ်ရှိမရှိ မေးမြန်းခဲ့တာပါ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးသိန်းညွန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up