DVB Logo
Home
မေးမြန်းခန်း
လစာတိုးပေးတာအပြင် စိတ်ပိုင်းဆိုင်ရာ အများကြီး ပြင်ဆင်ရမယ်- ဦးလှမောင်ရွှေ
DVB
·
March 13, 2013
လစာတိုးပေးတာအပြင် စိတ်ပိုင်းဆိုင်ရာ အများကြီး ပြင်ဆင်ရမယ်- ဦးလှမောင်ရွှေ
Donate to DVB

ဝန်ထမ်းတွေကို လာမယ့်ဘဏ္ဍာရေးနှစ်ကစပြီး လစာတိုးပေးဖို့ ရှိတယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ပြောပါတယ်။

ဝန်ထမ်းတွေ လစာငွေ လုံလုံလောက်လောက် ရရင် အဂတိလိုက်စားတာတွေ ပပျောက်သွားနိုင်ပါသလား၊ ကုန်ဈေးနှုန်းတွေ နောက်ကလိုက်တက်လာနိုင်ပါသလား။

သမ္မတရဲ့ လူမှုစီးပွားရေးအကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။



[caption id="attachment_37368" align="alignleft" width="150" caption="ဦးလှမောင်ရွှေ"][/caption]

ဝန်ထမ်းတွေကို လစာတိုးပေးလိုက်ဖို့ကိစ္စဟာ အခုလက်ရှိ လတ်တလောအခြေအနေမှာ ဘယ်လောက်ထိ အရေးတကြီးလိုအပ်နေပြီလဲ။ ဒါဆွေးနွေးပေးပါ။


“ကျနော့်အမြင်ပြောရင် ၀န်ထမ်းတွေအနေနဲ့လည်း လက်ရှိလူနေမှုစရိတ်ကလည်း များတယ်လို့ သူတို့စိတ်ထဲ ခံစားကြရမယ်ထင်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဝင်လာတဲ့အခါမှာလည်း နိုင်ငံတကာအဖွဲ့အစည်းက ၀န်ထမ်းတွေရဲ့လစာကိုလည်း သူတို့အနေနဲ့ ချိန်ထိုးကြည့်ကောင်းကြည့်နိုင်ပါတယ်။ သူတို့အနေနဲ့ လစာပိုရမယ်ထင်ရင်တော့ သူတို့ပိုအားရှိမယ်၊ ပိုအလုပ်လုပ်နိုင်မယ်ဆိုတာတော့ လူတိုင်းလိုလို မလွဲမသွေ နားလည်ကြမှာပါ။ ဒီအတွက် ၀န်ထမ်းတွေဘက်ကလည်း ရချင်မှာပါ။ ဒါပေမယ့် စနစ်သစ်အရ အစိုးရအဖွဲ့က ဘတ်ဂျက်ကို အဆိုပြုပြီးတော့ အတည်ပြုချက်ကိုတော့ လွှတ်တော်ကပေးရမှာဖြစ်လို့ ၀န်ကြီးဌာနကပြောတာလည်း လုပ်ငန်းစဉ်က ဒီအတိုင်းပဲ ဆောင်ရွက်ရမှာပါ။ လိုလည်းလိုအပ်ပါတယ်။ ပေးနိုင်ရင် ကျနော်တို့ ၀န်ထမ်းတွေလည်း ပိုအားတက်ပြီး လုပ်အားလည်း ပိုရှိလာမယ်လို့ ယုံပါတယ်။”

တဖက်ကပြောနေတာက ၀န်ထမ်းလောကမှာ လစာမလုံလောက်လို့ လာဘ်လာဘ်ယူမှုတွေ၊ အဂတိလိုက်စားမှုတွေ ပေါ်ပေါက်လာတယ်ပြောတယ်။  အဲတော့ အခုပေးမယ့် ပမာဏက သူတို့အတွက် တကယ့်ကို တလစာ လုံလုံလောက်လောက်ပေးမှပဲ လာဘ်ပေးလာဘ်ယူလိုကိစ္စမျိုးတွေကင်းစင်ပပျောက်မယ် ဆိုတဲ့ ဝေဖန်ချက်မျိုးတွေလည်း ရှိတယ်။ အဲအပိုင်းလည်း ဆွေးနွေးပေးပါ။

“စနစ်တခုကနေ တခုကို ပြောင်းတဲ့အခါမှာ အခက်အခဲအများကြီးရှိမယ်။ အချိန်လည်း အများကြီး ယူရမယ်။ ဒီကိစ္စတွေကင်းစင်ဖို့ အချိန်တခုတော့ယူဖို့လိုမယ်လို့ ထင်တယ်။ နောက် လူတွေရဲ့ အသိစိတ်တွေလည်း ပြောင်းရမယ်။ လစာတိုးပေးတာအပြင်ကို စိတ်ပိုင်းဆိုင်ရာအတွက် အများကြီး ပြင်ဆင်ရမယ်ထင်ပါတယ်။”

ဝန်ထမ်းတွေကို လစာတိုးပေးလိုက်ပြီဆိုရင် အခုလို တိုးမယ်ဆိုတဲ့ သတင်းထွက်တာနဲ့တင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ  လိုက်တက်တာကိုက ဖြစ်လေ့ဖြစ်ထရှိတော့ ဒါတွေကရော အခုလို အချိန်ကာလမှာဖြစ်သင့်လား။ ဘယ်လိုသုံးသပ်ချင်ပါလဲ။

“ကျနော်တို့ဆီမှာလည်း ဈေးကွက်စီးပွားရေးသွားနေတာပဲလေ။ ဒါက ဈေးကွက် အတင်အချပေါ်မူတည်မယ်။ ဒါပေမယ့် အရင်တုန်းကလိုတော့ မဟုတ်တော့ပါဘူး။ သူ့သဘောသူဆောင်တဲ့ အခြေအနေမျိုးတော့ တဖြည်းဖြည်းတော့ ရောက်မှာပါ။ လစာတက်လို့ ကုန်ဈေးနှုန်းတက်တယ်လို့ မယုံကြည်ဘူး။ အခုတောင်မှ ထုတ်လုပ်တဲ့လူတွေထဲမှာလည်း၊ ဥပမာ မြန်မာငွေက ဒီဘက်မှာ ကုန်ကျစရိတ်များပေမယ့် နိုင်ငံခြားငွေမှာကျတော့ မြန်မာငွေက မာလွန်းတယ် ဆိုတာလည်း ရှိတယ်။ အဲတော့ ပြောစရာတော့ အများကြီးရှိတယ်။ အဲတော့ ကျနော့်အနေနဲ့တော့ လစာတက်လို့ ကုန်ဈေးနှုန်းတက်မယ်လို့တော့ မယုံကြည်ဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013