ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး ဆန္ဒပြ
အေးနိုင်
·
March 13, 2013
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းဖို့ တုံရွာသပိတ်စခန်းကနေ ရာနဲ့ချီတဲ့ ဒေသခံရွာသားတွေဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာထွက်ပေါ်ပြီး နောက်တရက်မှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြချီတက်နေကြတဲ့ တချိန်တည်းမှာပဲ လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆားလင်းကြီးမြို့နယ်က ကျေးရွာတချို့ကို ရောက်ရှိပြီး ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ ရှင်းလင်းဆွေးနွေးနေပါတယ်။