Home
သတင်းဓာတ်ပုံ
နွေရာသီကို ကဗျာများဖြင့် အလှဆင်ထားသည့် ရေနံချောင်းကောလိပ် (ဓာတ်ပုံ) 
DVB
·
February 25, 2020
မြန်မာပြည်အလယ်ပိုင်း ရေနံချောင်းမြို့ရှိ  ရေနံချောင်းဒီဂရီကောလိပ်မှာ နွေရာသီရဲ့ အရသာပေါ်လွင်စေအောင် ကဗျာတွေနဲ့  အလှဆင်ထားတာကို မြင်တွေ့နိုင်ပါတယ်။  အပူပိုင်းဒေသဖြစ်လို့ သစ်ရွက်အပြိုင်ကြွေချိန် နွေဦးကာလရဲ့ ရိုးတံပေါ်နေတဲ့ သစ်ပင်လေးတွေကြားမှာ ရောင်စုံစက္ကူပေါ်မှာ ရေးထားတဲ့ ကဗျာလေးတွေ၊ ရောင်စုံထီးလေးတွေ အသုံးပြီးကျောင်းသား၊ ကျောင်းသူတွေရေးတဲ့ ကဗျာတွေ၊ ကဗျာဆရာကြီးတွေရေးတဲ့ ကဗျာတွေက မြင်ရသူ ကျောင်းသားကျောင်းသူအပေါင်းကို  စိတ်ကြည်နူးအောင် ဖမ်းစားထားပါတယ်။ “နွေရာသီရောက်ပြီဆိုတော့ အပူပိုင်းဖြစ်လို့ နွေရာသီအရသာလေး အဓိကပေါ်လွင်အောင်လို့ ကဗျာစာပေ ယဉ်ကျေးမှုကိုလည်း တခေတ်ဆန်းသစ်လာအောင်ရည်ရွယ်ပြီးလုပ်ဖြစ်တာ”လို့ ရေနံချောင်း ဒီဂရီကောလိပ် YNDC Environmental Club ဖွဲ့စည်းတည်ထောင်သူ ကိုထင်လင်းသူ ကပြောပါတယ်။ အဆိုပါ ကဗျာလမ်းကလေးကို ရေနံချောင်းဒီဂရီကောလိပ် ပင်မအဆောက်အအုံအနီး ကျောင်းသားသမဂ္ဂရုံးရှေ့မှာ  ၃ ရက်ကြာ ပြုလုပ်ထားတာဖြစ်ပါတယ်။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024