ရခိုင်စစ်ပွဲများရပ်တန့်ရေး ကျောင်းသားသမဂ္ဂများစုပေါင်းဆန္ဒပြ
DVB
·
February 24, 2020
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ရေးအတွက် ကျောင်းသားသမဂ္ဂတွေစုပေါင်းပြီး ရန်ကုန်မြို့ လှည်းတန်းမှာ ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်တိုက်ပွဲတွေကြောင့် ပြည်သူတွေ အဘက်ဘက်က နစ်နာနေတဲ့အပြင် အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ၊ လူသားချင်းစာနာမှုအကူအညီတွေကို ပိတ်ပင်ထား တာနဲ့ လူအခွင့်အရေးချိုးဖောက်တာတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဆန္ဒပြတာလို့ ဆိုပါတယ်။
Photo - Ye Ko / MPA