A d v e r t i s e m e n t With Us

မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်း ဧပြီ ၁ ရက်နေ့ ဖွင့်မည်

ထိုင်းနိုင်ငံ ပရာချွတ် ကီရီခံနဲ့ မြန်မာနိုင်ငံ တနင်္သာရီတိုင်း မြိတ်မြို့ကို ဆက်သွယ်ထားတဲ့ “မောတောင်” နယ်စပ် ကုန်သွယ်ရေးစခန်းကို လာမယ့် ဧပြီ ၁ ရက်နေ့မှာ ဖွင့်လှစ်နိုင်မယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုး က ဒီဗွီဘီ ကို ပြောပါတယ်။ ၁၄ ခုမြောက် နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်လာမယ့် ဒီ နယ်စပ်ဂိတ်အတွက် ထိုင်းနိုင်ငံဘက်ခြမ်းက ပြင်ဆင်မှုအားလုံး ပြီးစီးနေပြီ ဖြစ်သလို မြန်မာနိုင်ငံဘက်ခြမ်းက လမ်းဖောက်လုပ်မှုလည်း ပြီးနေပြီဖြစ်ကြောင်း၊ နယ်စပ်က ကုန်စည်စစ်ဆေးရေး အဆောက်အဦနဲ့ ရုံးခန်း တခန်း ဆောက်လုပ်နေဆဲဖြစ်ပြီး အဲဒါ ပြီးတာနဲ့ ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သူက ရှင်းပြပါတယ်။ ဒီ လမ်းကြောင်းဟာ ထိုင်းနယ်စပ်ကနေ မြန်မာဘက်ခြမ်း ပင်လယ် ထွက်ပေါက်အထိ အတိုဆုံး ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up