Home
သတင်းတို
အကောက်အခွန်မဲ့ တင်သွင်းမှု ကျပ်ငွေ ၁ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိ
DVB
·
March 12, 2013
နယ်စပ်လမ်းကြောင်းတွေကနေ တရားမ၀င် တင်သွင်းလာတဲ့ ကုန်စည်တွေကို Mobile Team အဖွဲ့တွေက စစ်ဆေး ဖမ်းဆီးနေခဲ့တာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်အထိ ကုန်ပစ္စည်း တန်ဖိုး ကျပ်ငွေ ၁ ဒဿမ ၂ ဘီလီယံ ပမာဏ ရှိပြီလို့ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက လက်ထောက်ညွှန်မှူး ဗိုလ်မှူးအောင်ကျော်မိုး (ငြိမ်း) က ဒီဗွီဘီ ကို ပြောပါတယ်။ ဒီ ဖမ်းဆီးရမိတဲ့ကုန်ပစ္စည်းတွေမှာ အရက်နဲ့ ဘီယာ အများဆုံးပါပြီး မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုက ခွင့်ပြုချက် ပေးမထားတဲ့ မွေးမြူရေးထွက် ကုန်ပစ္စည်းတွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွေအနက် မြ၀တီ-ရန်ကုန် လမ်းကြောင်းမှာ ဖမ်းဆီးရမိ ပမာဏ အများဆုံးဖြစ်ပြီး တန်ဖိုး ကျပ် သန်း ၆၀၀ ကျော်တယ်လို့ သူကရှင်းပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024