တူရကီအရှေ့တောင်ပိုင်း နှင်းမုန်တိုင်းဝင်၊ ရွာတရွာ နှင်းထုအောက်ရောက်
DVB
·
February 22, 2020
တူရကီနိုင်ငံအရှေ့တောင်ပိုင်း ယူဆယ်ကိုဗာမြို့မှာ နှင်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၁ ရက်က ရွာ တရွာလုံးကို ပေ ၂၀ အမြင့်ရှိတဲ့ နှင်းထုက ဖုံးလွှမ်းခဲ့ပါတယ်။
အဲဒါကြောင့် ဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ပြီး ဒေသခံတွေဟာ ရေ၊ မီး ပြတ်တောက်တာတွေ ကြုံတွေ့နေရပါတယ်။
အိမ်တွေအကုန်လုံး နှင်းထုအောက် ရောက်နေတာမို့ အိမ်သွားတဲ့လမ်းကိုတောင့် မေ့မတတ် ဖြစ်တဲ့အပြင် စတွေ့တွေ့ချင်းမှာ ကိုယ့်အိမ်ကိုယ် မမှတ်မိဘူးလို့ ဒေသခံတယောက်က ပြောပါ တယ်။
လက်တလောမှာတော့ နှင်းထုပိတ်နေတာကြောင့် ကျောင်းတွေကို ၃ ရက် ပိတ်ထား ရပါတယ်။
နှင်းရှင်းယာဉ်တွေကလည်း အအေးဒဏ်ကို အန်တုပြီး ဒါဇင်ချီတဲ့ ရွာတွေဆီသွားရာ လမ်းမကြီးကို ရှင်းလင်းနေတယ်လို့ DHA သတင်းမှာဖော်ပြပါတယ်။
ဆီးနှင်း အလွန်အမင်း ကျနေတာကြောင့် တူရကီအရှေ့ပိုင်း ဗန်း၊ အာဂရီ နဲ့ ဘိချ်လစ် ပြည်နယ်တွေမှာ ပို့ဆောင်သွားလာရေးတွေ ထိခိုက်ခဲ့ရတဲ့အပြင် ရွာပေါင်း ၇၀ ကျော်နဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ DHA သတင်းက ဖော်ပြပါတယ်။