၃ လအတွင်း မာစတာကတ် အကြိမ် ၉၀၀၀ နီးပါး သုံးစွဲ
DVB
·
March 12, 2013
မြန်မာနိုင်ငံအတွင်း လာရောက်တဲ့ နိုင်ငံခြားသားတွေဟာ စီဘီဘဏ် အေတီအမ် ငွေထုတ် စက်တွေကနေ ၃ လအတွင်း မာစတာကတ် အကြိမ် ၉၀၀၀ ကျော် အသုံးပြုပြီးငွေသား အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇ သန်းကျော် နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ ၁ ဒဿမ ၄ ဘီလီယံ နီးပါး ထုတ်ယူသုံးစွဲခဲ့ကြောင်း စီဘီဘဏ် ညွှန်မှူးဦးဖေမြင့်က ဒီဗွီဘီကို ပြောပါတယ်။
နိုင်ငံတကာမှာ သုံးနေတဲ့ မာစတာကတ်နဲ့ ဗီဇာကတ်တွေကို မြန်မာနိုင်ငံအတွင်းက စီဘီဘဏ်၊ ကမ္ဘောဇဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တချို့က အေတီအမ်စက်တွေမှာ ငွေထုတ်ယူနိုင်တဲ့အပြင် ဟိုတယ်ကြီးတချို့နဲ့ စားသောက်ဆိုင်ကြီးတချို့ကလည်း လက်ခံလာပြီး
အသုံးပိုများလာတယ်လို့ ဦးဖေမြင့် က ပြောပါတယ်။