DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးသိန်းစိန်ကို တရားစွဲဆိုမှု တရားရုံးက ပယ်ချ
DVB
·
March 11, 2013
သမ္မတ ဦးသိန်းစိန်ကို တရားစွဲဆိုမှု တရားရုံးက ပယ်ချ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွင်းခံရမှု အရေးယူပေးရေးကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေက သမ္မတ ဦးသိန်းစိန်ကို တရားစွဲဆိုထားမှု ဒီနေ့ တရားရုံးက ဥပဒေနဲ့ မညီဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။

အခုလို တရားရုံးက ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး ဒေသခံတွေကို လိုက်လံ ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးစောကျော်ကျော်မင်းက “တရားသူကြီးက ဥပဒေနဲ့အညီ တရားစွဲဆိုရန် အကြောင်းမပေါ်ပေါက်ရင် အမှုမဖွင့်လှစ်ပါဆိုပြီး အမှုကို ပယ်လိုက်တယ်။ ပယ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ တရားစွဲဆိုတယ်၊ အကြောင်းမပေါ်ပေါက်ဘူးဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး အကြောင်းရှိမယ်ဆိုတာ ကျနော်တို့က တရားလွှတ်တော်ချုပ်ဆီကို မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး ပယ်လိုက်တဲ့အတွက် ခရိုင်တရားရုံးမှာလည်း အယူခံ၊ ဒါမှမဟုတ် အယူခံကို ဆက်တင်ပြသွားမယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ဆားလင်းကြီးမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီနေ့ ပယ်ချလိုက်တာပါ။ တရားလိုလုပ်ပြီး ဦးဆောင်တရားစွဲသူတွေကတော့ မ၀င်းဝင်းဌေး၊ မရီရီဝင်း၊ မိုးကြိုးပြင် အလယ်ရွာမှ ကိုဇော်နိုင်တို့ဖြစ်ပါတယ်။

မရီရီဝင်းက “မီးလောင်ဗုံး တရားခံတွေကို တရားစွဲဆိုပါတယ်။ အဲဒါကို အခု ၃ လကျော်တဲ့အထိ ဖြေရှင်းချက် မပေးသေးပါဘူး။ မပေးတဲ့အတွက် မြို့နယ်ရုံးမှာ သမ္မတကြီး ဦးသိန်းစိန်ကို တရားခံအဖြစ် တရားစွဲတယ်။ အဲဒါကို တရားသူကြီးက လက်မခံလိုက်ဘူး။ မြို့နယ်က လက်မခံတဲ့အတွက် ကျမတို့က ခရိုင်ရုံး၊ ခရိုင်ရုံးက လက်မခံရင် တိုင်းရုံး၊ တိုင်းရုံးက မရရင် ဗဟိုအထိ အဆင့်ဆင့်တက်မယ်။”

ဒီနေ့ ဆားလင်းကြီးမြို့နယ် တရားရုံးကို ဒေသခံ တောင်သူ ၅၀ လောက် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ နိုဝင်ဘာ ၂၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ သံဃာတော်တွေအပါအ၀င် ဒေသခံတွေကို အစိုးရက မီးလောင်ဗုံးသုံးပြီး အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။

မီးလောင်ဗုံးသုံး အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သံဃာအပါး ၁၀၀ လောက်နဲ့ လူပုဂ္ဂိုလ် ၂၀ လောက် မီးလောင်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အစိုးရက ဒဏ်ရာရသံဃာတွေကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013