ကျောက်ကြီးမြို့နယ်တွင် နွားလှည်းမောင်းသူ ၁ ဦး သစ်ပင်ဝင်တိုက်မိ၍ သေဆုံး
DVB
·
February 20, 2020
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စု ငါးဗျက်အင်းကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၂၀ ရက်မနက်ပိုင်းက အမျိုးသားတဦး လှည်းမောင်းလာရာက သစ်ပင်ကို ဝင်တိုက်မိပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။
သေဆုံးသူဟာ ကြိမ်တောမြောင်ရွာမှာ နေထိုင်သူ ဦးမော်တကယ် ဖြစ်ပြီး လှည်းအငှား တိုက်သလို လှည်းပေါ်မှာ စပါးအိတ်တွေ တင်ဆောင်မောင်းနှင်လာစဉ် လမ်းဘေးရှိ သစ်ပင်ကို တိုက်မိကာ လှည်းနဲ့သစ်ပင်ကြား ညှပ်ပြီး သေဆုံးသွားတာလို့ ကျောက်ကြီးမြို့မ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ပြောပါတယ်။
"နွားက ရွတ်ပြီးဆွဲသွားတဲ့အချိန်မှာ လမ်းဘေးကသစ်ပင်ကိုဝင်တိုက်မိပြီး လူက လှည်းနဲ့ သစ်ပင်ကြားညှပ်ပြီးသေဆုံးသွားတာပါ။ အခုတော့ သေဆုံးသူရဲ့အလောင်းကို ဆေးရုံပို့ပြီး ရင်ခွဲစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်"
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်ကြီးမြို့မရဲတပ်ဖွဲ့စခန်းက သေမှုသေခင်းဖွင့်လှစ်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)