DVB Logo
Home
မြန်မာသတင်း
မန်းရွှေစက်တော်ဘုရားဖူးများအတွက် ရွှေစက်တော် မန်းချောင်းဆင်စခန်း ဖွင့်လှစ်
DVB
·
February 20, 2020
မန်းရွှေစက်တော်ဘုရားဖူးများအတွက် ရွှေစက်တော် မန်းချောင်းဆင်စခန်း ဖွင့်လှစ်
1 / 6
Donate to DVB

မန်းရွှေစက်တော်ကို ဘုရားဖူးလာကြတဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ ဆင်စီးပြီး သဘာဝရှုခင်းတွေ လည်ပတ်ကြည့်ရှုနိုင်ဖို့ ရွှေစက်တော် မန်းချောင်းဆင်စခန်း ဖွင့်လှစ်ထားပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ မြန်မာ့သစ်လုပ်ငန်းဌာနက သစ်ထုတ်လုပ်ငန်းတွေ လျော့ချထားတဲ့အတွက် သစ်ထုတ်လုပ်ရေးမှာရှိတဲ့ ဆင်တွေကို အကျိုးရှိစွာအသုံးချနိင်ဖို့ ဆင်အခြေပြုခရီးသွားလုပ်ငန်းနဲ့ ပြည်တွင်းပြည်ပဧည့်သည်တွေကို ဆွဲ‌ဆောင်နိုင်ဖို့အတွက် ဆင်စခန်းတွေ ဖွင့်လှစ်ထားပါတယ်။ 

မကွေးတိုင်းမှာလည်း မင်းဘူး (စကု) မြို့နယ် မန်းရွှေစက်တော် ဘုရားအနီးမှာ ဆင်အခြေပြု ရွှေက်စက်တော် မန်းချောင်းဆင်စခန်းကို ဖွင့်လှစ်ထားတာလို့ သိရပါတယ်။

အဆိုပါ ဆင်စခန်းနေရာက မန်းရွှေစက်တော်ဘုရားကို သွားတဲ့ ၈ မိုင်ကားလမ်းဘေး၊ မန်းရွှေစက်တော်ဘုရားနဲ့ ၁ မိုင်ခွဲခန့်အကွာမှာတည်ရှိပြီး ဆင်စခန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းပြည်ပ ခရီးသွားတွေနဲ့ မန်းရွှေစက်တော်ဘုရားကို အနယ်နယ်အရပ်ရပ်က လာမယ့် ဘုရားဖူးတွေ ဆင်စီးပြီး သဘာဝရှုခင်းတွေ လည်ပတ်ကြည့်ရှုနိုင်အောင်၊ အပန်းဖြေအနားယူနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ ဆင်စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိဆင်စခန်းမှာ ဆင် ၁၂ ကောင်ရှိပြီး အထီး ၆ ကောင်၊ အမ ၆ ကောင်ရှိတယ်လို့ သိရပါတယ်။ ဆင်စီးချိန်ကိုတော့ မနက် ၈ နာရီမှ ၁၁ နာရီထိသတ်မှတ်ထားပြီး ဆင်စီးခအဖြစ် တဦးကို ကျပ် ၅၀၀၀ သတ်မှတ်ထားပါတယ်။ 

ဆင်စခန်းကွင်း၀င်ကြေးအဖြစ် တဦးကို ၁၀၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး ညအိပ်တည်းခိုနိုင်ဖို့ လုံးချင်းတည်းခိုဆောင်တွေကို ရေချိုးခန်း၊ ဗိုလ်ထိုင်တွဲကာ တည်ဆောက်ပေးထားပြီး တညတည်းခိုခ ကျပ် ၃ သောင်း သတ်မှတ်ထားကြောင်း၊ လာရောက်လည်ပတ်နာခိုသူတွေ စားသောက်နိုင်ဖို့ စားသောက်ဆိုင်တွေလည်း ထားရှိပါကြောင်း ဆင်စခန်းတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးပြည့်ဖြိုးဝင်းက ပြောပါတယ်။

“ကျနော်တို့ ဆင်စခန်းလာမယ်ဆိုရင် မန်းချောင်းရဲ့ သဘာဝအတိုင်းစီးဆင်းနေတဲ့ ချောင်း အလှအပတွေ၊ တောတောင်သဘာဝအလှအပတွေ၊ ကျေးငှက်တွေကို ထိန်းသိမ်းထားတဲ့ဝန်းကျင်နဲ့ ဆက်စပ်နေတဲ့အတွက် တောတောင်သဘာဝအတိုင်း ငှက်မျိုးစိတ်တွေကို ကြည့်ရှုခံစားလို့ရပါမယ်။”

ရွှေစက်တော် မန်းချောင်းဆင်စခန်းမှာ မနှစ်ကနဲ့မတူအောင် တိုးချဲ့ပြီး ကလေးကစား ကွင်းတွေ၊ ခရီးသွားပြည်သူတွေအပန်းဖြေနားပြီး ရေချိုးဖို့အတွက် ရေချိုးစင်တွေကို ချောင်းတဖက်တချက်မှာ ၁၀ ခုထိုးထားပါတယ်၊ လာရောက်တဲ့ ပြည်သူတွေနားနေစဉ်မှာ စားသောက်ဖို့အတွက် စားသောက်ဆိုင်တွေလည်း ရှိတယ်လို့ သိရပါတယ်။

ရွှေစက်တော် မန်းချောင်းဆင်စခန်က ပြီးခဲ့တဲ့ ဘတ်ဂျက်ဝင်ငွေဟာ ဖေဖော်ဝါရီကနေ စက်တင်ဘ‌ေအထိ ၈ လအတွင်း ဝင်ငွေကျပ် ၃၂၇ သိန်းရှိခဲ့ပြီး ဒီဘက်နှစ်ဘတ်ဂျက်မှာ အောင်တိုဘာလမှ အခုဖေဖော်ဝါရီအထိ ဝင်ငွေကျပ် ၉၈ သိန်းရရှိနေပြီး ဒီဘက်နှစ် ဘတ်ဂျက်ရာထားချက်က ကျပ်သိန်း ၅၀၀ လောက် မှန်းထားတယ်လို့ ဆင်းစခန်းက သိရပါတယ်။

ရွှေစက်တော် မန်းချောင်းဆင်စခန်းဟာ သစ်တောပိုင်မြေကို ငှားရမ်းထားတာဖြစ်ပြီး ဧရိယာဧက ၅၀ နဲ့ ဆင်စခန်းဖွင့်လှစ်ထားတာပါ။ ဆင်တွေ စားကျက်ကျောင်းဖို့အတွက် သစ်တောမြေဧက ၇၀၀ ကျော် သီးသန့်ငှားရမ်းထားကြောင်း သိရပါတယ်။

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ပြည်ထောင်စုဘတ်ဂျက် ကျပ် ၂၃၈ သိန်း၊ မကွေးတိုင်းဒေသကြီး ဘတ်ဂျက် ကျပ်သိန်း ၁၀၀၀ စုစုပေါင်း ကျပ်သိန်း ၁၂၃၈ နဲ့ တည်ဆောက်ထားတာပါ။

တင်ရွှေ(မင်းဘူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013