အုပ်ချုပ်ရေးမှူးဟောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သဖြင့် သမ္မတ ထရမ့် ဝေဖန်ခံနေရ

Reuters
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ အပေါ်မှာ ဝေဖန်ခံနေရပါတယ်။ ဘားရက်အိုဘားမားရဲ့ လစ်လပ်အထက်လွှတ်တော် အမတ်နေရာကို ရောင်းချဖို့ ကြိုးပမ်းရာမှာ ပြစ်မှုထင်ရှားတဲ့အတွက် ရော့ဒ်ဘလာ ဂိုယေဗစ်ချ်ဟာ ထောင်ဒဏ်ကျခံနေတာပါ။  သမ္မတ ထရမ့်ဟာ တချိန်က ဝေါစထရိငွေချေးစာချုပ်ဘုရင်လို့ ထင်ရှားတဲ့ မိုက်ကယ်မစ်ကန်ကိုလည်း တခြားသူ ၆ ဦးနဲ့အတူ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် တခြားသူ ၃ ဦးကို လည်း ထရမ့်က ပြစ်ဒဏ်လျှော့ချခဲ့ပါတယ်။   သမ္မတ ထရမ့် ပြစ်ဒဏ်သက်ညှာခွင့်ပြု ခံရသူတွေဟာ ဖက်ဒရယ်အစိုးရကို လှည့်ဖျားမှုကနေ ခိုးဝှက်မှုအထိ စွဲချက်တွေမှာ ပြစ်ဒဏ်ကျခံနေသူတွေ ဖြစ်ပါတယ်။ ဒီမိုကရက်တစ်ဦးဖြစ်တဲ့ ဘလာဂိုယေဗစ်ချ်ဟာ အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်စဉ်က လိမ်လည်မှု ၊ ငွေညှစ်မှု ၊ လာဘ်ငွေလက်ခံမှု တို့မှာ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် ၁၄ နှစ် ကျခံနေတာပါ။ သမ္မတ ထရမ့်က “အဲဒီပြစ်ဒဏ်ဟာ အလွန်တရာများပြီး အဓိပ္ပါယ် မရှိဘူး”လို့ ပြောခဲ့ပါတယ်။ နာရီပိုင်းအကြာမှာပဲ ချီကာဂိုတရားရုံးက “အမေရိကန် အကျဉ်းထောင်ဗျူရို” ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘလာ-ဂိုယေဗစ်ချ်ကို ထိန်းသိမ်းထားတော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။  အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တဲ့ ဘလာဂိုယေဗစ်ချ်က သမ္မတ ထရမ့်ကို ကျေးဇူးအထူးတင်ပါတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။  သမ္မတထရမ့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ရီပတ်ဘလီကန်တွေရော ဒီမိုကရက်တွေ ပါ ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမိုကရက်တချို့ကတော့ အဲဒီဆုံးဖြတ်ချက်ကို  ထောက်ခံတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up