ပင်းပက်သံမဏိစက်ရုံက မီတာခကြွေးကျန် ကျပ် ၅၈ သန်းကျော် ကျန်ရှိနေ
DVB
·
February 19, 2020
ရှမ်းပြည်နယ် ဟိုပုံးမြို့မှာရှိတဲ့ နပင်းပက်စီမံကိန်းစက်ရုံက လျှပ်စစ်ဓာတ်အားအသုံးပြုခ ကြွေးကျန် ကျပ် ၅၈ သန်းကျော်ကို ပြန်ဆပ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံးရဲ့ ၂၀၁၈ အစီရင်ခံဟာအရ လျှပ်စစ်ဓာတ်အားအသုံးပြုခ ကြွေးကျန်ရှိနေတဲ့ တီဂျစ်နဂါးဘိလပ်မြေစက်ရုံနဲ့ ပင်းပက်သံမဏိ စီမံကိန်းစက်ရုံ ကြွေးကျန် ပေးသွင်းမှုအခြေအနေကို ရှမ်းပြည်နယ်လွှတ်တော်မှာ ကလောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် က မေးမြန်းထားတာပါ။
လက်ရှိမှာ ပင်းပက်သံမဏိ စက်ရုံက ကြွေးကျန် ပေးသွင်းဖို့ ကျန်ရှိနေသေးတယ်လို့ ရှမ်းပြည်နယ် လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ရှမ်းပြည်နယ် လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစိုင်းရှန်တစ်လုံက ဖြေကြားခဲ့ပါတယ်။
ပင်းပက်သံမဏိ စက်ရုံက လျှပ်စစ်ဓာတ်အားပေးသွင်းဖို့ အစိုးရကအကြိမ်ကြိမ်တောင်းဆို ပေမယ့် ပေးသွင်းခြင်းမရှိတဲ့အတွက် လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားတာပါ။ ပင်းပက်သံမဏိ စက်ရုံဟာ အမှတ် ၂ စက်မှုဝန်ကြီးဌာနက တာဝန်ယူ လုပ်ဆောင်နေတာလို့ သိရပါတယ်။
သတင်း- ခွန်ရာဇာ