တရုတ်ခရီးစဉ်များ ခဏရပ်ဆိုင်းထားရန် တိုက်တွန်း
DVB
·
February 19, 2020
မြန်မာနိုင်ငံကို လာရောက်မယ့် တရုတ်နိုင်ငံသား ခရီးသွားတွေနဲ့ တရုတ်နိုင်ငံကို သွားရောက်မယ့် မြန်မာခရီးသွားတွေ အတွက် ခရီးစဉ်တွေ ခဏရပ်ဆိုင်းထားဖို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ခရီးသွားအကြံပြုချက် ၁၀ အဖြစ် ဖေဖော်ဝါရီ ၂ ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပြီး မနေ့ကမှာ လူအများ သိအောင် ကြေညာလိုက်တာပါ။
လတ်တလောဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်နိုင်ဖို့အတွက် အဲဒီခရီးစဉ်တွေ စီစဉ်တာကို ခဏရပ်ဆိုင်းထားပြီး ခရီးသွားကုမ္ပဏီတွေ၊ ဧည့်လမ်းညွှန်တွေနဲ့ ခရီးသွားလုပ်ငန်း လုပ်နေသူတွေ ပူးပေါင်းပါဝင် လိုက်နာကြဖို့ အကြံပြုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကိုလာမယ့် တရုတ်ခရီးသွားတွေအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးတာကိုလည်း ယာယီရပ်ဆိုင်းထားပါတယ်။
အလားတူ ပြည်တွင်းမှာ ကားတွေ လေယာဉ်တွေနဲ့ နာရီနဲ့ချီပြီးသွားလာနေကြတဲ့ ခရီးသွားတွေနဲ့ ပတ်သက်ပြီးလည်း သီးခြားအသိပေးကြေညာချက် ထုတ်ပြန်ထားပြီး ဖျားနာ၊ နှာဆေး၊ ချောင်းဆိုဖြစ်နေသူတွေကို လေယာဉ်နဲ့ အဝေးပြေး ဘတ်စ်ကားခရီးစဉ်တွေမှာ လိုက်ပါ စီးနင်းခြင်းမပြုသင့်တဲ့ အကြောင်းနဲ့ မလွှဲမရှောင်သာပါက ခွဲစိတ်ခန်းသုံး ပါးစပ်နဲ့ နှာခေါင်းစည်းတွေတောင်ခံ တပ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။