ချစ်စမ်းမောင်မျိုးဆက် အဆိုတော် ငဲငယ်လေး ဒုတိယမြောက်တေးအယ်လ်ဘမ် ထွက်မည်
DVB
·
February 19, 2020
မြန်မာနိုင်ငံရဲ့ နာမည်ကြီးရော့ခ်တေးဂီတအဖွဲ့ တဖွဲ့ဖြစ်တဲ့ အိုင်းရင်းခရော့စ်တေး ဂီတအဖွဲ့ရဲ့ မျိုးဆက်သစ်အဆိုတော် ငဲငယ်လေးရဲ့ ဒုတိယမြောက်တေးအယ်လ်ဘမ် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။
ငဲငယ်လေးဟာ အိုင်စီအဖွဲ့မှ လိဒ်ဂစ်တာသမား ချစ်စမ်းမောင်ရဲ့ သမီးဖြစ်ပြီး လတ်တလောမှာတော့ အိပ်မက်နဲ့ စိတ်ဓာတ်အမည်ရတဲ့ တေးအယ်လ်ဘမ်တချပ်ကို ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။
ဆရာချစ်လို့ ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ ချစ်စမ်းမောင်ဟာ ခြောက်ကြိုး ကဝေလို့ အမည်ရတဲ့ တကိုယ်တော်လက်စွမ်းပြ ဆိုလိုစီးရီးတခွေထွက်ရှိခဲ့ပြီး အိုင်စီအဖွဲ့ နဲ့အတူ ဂီတလောကမှာ ဆရာတဆူဖြစ်ခဲ့တာ ဖြစ်ပါတယ်။
သမီးဖြစ်တဲ့ ငဲငယ်လေးဟာလည်း အတီး၊ အဆိုအစွမ်းပြနိုင်တဲ့ အိုင်စီရဲ့ နောက် မျိုးဆက်အဖြစ် ပရိသတ်တွေက လက်ခံအားပေးသူတယောက် ဖြစ်လာခဲ့တာပါ။
အိပ်မက်နဲ့ စိတ်ဓာတ်၊ ထာဝရချစ်သူစတဲ့ သူ့ရဲ့ ပထမဆုံးတေးအယ်လ်ဘမ်ထဲက သီချင်းတွေဟာလည်း ပရိသတ်တွေကြား ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။
ခုလတ်တလောမှာတော့ Twenty Album လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ဒုတိယ မြောက်တေးအယ်လ်ဘမ် ပ ရိုမိုးရှင်းရှိုးပွဲကိုတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြု လုပ်သွားမှာ ဖြစ်ပါတယ်။
ဒီရှိုးပွဲမှာတော့ Never Say Die တေးဂီတအဖွဲ့ရဲ့ တီးခတ်ဖျော်ဖြေမှုနဲ့အတူ ဧည့် သည်အဆိုတော်တွေ ဖြစ်ကြတဲ့ ဖြိုးကြီး၊ စောလားထော်ဝါး၊ စောထက်နိုင်စိုး၊ အောင်ပိုင်၊ ဖြိုးမြတ်အောင်၊ ပိုပို၊ ဘီလီလမင်းအေး၊ အက်စတာဒွေးစတဲ့ တေးသံရှင်တွေကလည်း ပါ ဝင်ဖျော်ဖြေပေးသွားကြမှာ ဖြစ်ပါတယ်။