တောင်ဆူဒန်နိုင်ငံတွင် ထိပ်ပိုင်းခေါင်းဆောင်များအား ကာကွယ်ပေးမည့် VIP တပ်ဖွဲ့ ဖွဲ့စည်း

South Sudan's ex-vice President and former rebel leader Riek Machar is received as he arrives at the Juba International Airport, in Juba, South Sudan February 17, 2020. REUTERS/Jok Solomun
တောင်ဆူဒန်နိုင်ငံ မြို့တော်အနီး စခန်းတခုမှာ သမ္မတ ဆော်ဗာကီရာနဲ့ ဒုသမ္မတဟောင်း ရိတ်ခ်မာခါတို့ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို ကာကွယ်ပေးမယ့် VIP ပူးတွဲတပ်ဖွဲ့ကို ဖေဖော်ဝါရီလ ၁၇ ရက်က အပူတပြင်း ဖွဲ့စည်းလိုက်ပါတယ်။ ဒါဟာ ၂၀၁၈ ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့ အခြေခံအချက်ဖြစ်သလို အခမ်းအနားမှာ စစ်သားတွေနဲ့အတူ သူပုန်အဖွဲ့ဝင်ဟောင်းတွေ ချီတက်ခဲ့ပါတယ်။  တောင်ဆူဒန်သမ္မတ ကီရာက သူပုန်တွေ တောင်းဆိုတဲ့ အဓိကအချက်တခုကို လိုက်လျောပြီးနောက်မှာ VIP တွေကို ကာကွယ်တဲ့ ပူးတွဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက သမ္မတ ကီရာနဲ့ ဒုသမ္မတဟောင်း မာခါတို့ဟာ တောင်ဆူဒန် အစိုးရဖွဲ့ရေးကို ဖေဖော်ဝါရီလ ၂၂ ရက်အထိ ရွှေ့ဆိုင်းဖို့ သဘောတူခဲ့ကြပါတယ်။ အင်အား ၃၀၀၀ ခန့်ရှိတဲ့ VIP တပ်ဖွဲ့ဟာ အနာဂတ်ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ထိပ်ပိုင်းခေါင်းဆောင်ကို ကာကွယ်ပေးသွားမှာပါ။ နောက်ပြီး ဒီလိုဖွဲ့လိုက်တာက ၂၀၁၃ နဲ့ ၂၀၁၆ ကာလကြား သမ္မတ ကီရာနဲ့ ဒုသမ္မတဟောင်း မာခါတို့အပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေ အချင်းချင်း တိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်ဖို့လည်း ရည်ရွယ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up