ခါရာ၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့ ပါဝင်သည့် လေဒီဒိန်းဂျားရုပ်ရှင်(နမူနာ)
DVB
·
February 18, 2020
ခါရာ၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့ ပါဝင်ထားကြတဲ့ လေဒီဒိန်းဂျား ရုပ်ရှင်ကို လာမယ့် သီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။
ဒီကားကိုတော့ ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မိုးနီလွင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးပုံဖော်ပေးထား တာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ လေဒီဒိန်းဂျားဆိုတဲ့အတိုင်း ယုယဇော်၊ ခင်မမ၊ အကြင်နာမိုးစ တဲ့ ဇာတ်ကောင်တွေနဲ့အတူ ဘယ်လိုအလှည့်အပြောင်းတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူး ပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ ခါရာ၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့နဲ့အတူ တခြားသရုပ် ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်?
ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။