Home
မြန်မာသတင်း
အန်အယ်လ်ဒီ ဗဟိုကော်မတီဝင် ၁၀၀ ကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်
အေးနိုင်
·
March 8, 2013
1744_132461136933961_1121241868_n
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံရဲ့ ပထမနေ့ အကြိုဆွေးနွေးပွဲမှာ ဗဟိုကော်မတီဝင် အယောက် ၁၀၀ တိတိကို လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးကောက်တင်မြှောက်ခဲ့တယ်လို့ ညီလာခံကိုယ်စားလှယ် စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးစိုးဝင်းက ပြောပါတယ်။ ဒီနေ့မဲပေးရွေးချယ်မှုကို မဲရုံ၊ မဲခန်းတွေလုပ်ပြီး အားလုံးကို လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ နောက်ရက် ညီလာခံကျင်းပတဲ့အခါ နောက်ထပ် ကျန်နေသေးတဲ့ ဗဟိုကော်မတီဝင် အယောက် ၂၀ ကို ထပ်မံရွေးချယ်မယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။ ဒီကနေ့ ရွေးချယ်တင်မြှောက်ရာမှာ ညီလာခံမတိုင်ခင် ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဟံသာမြင့်၊ ဒေါက်တာဒေါ်မေ၀င်းမြင့်တို့အပါအ၀င် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၇ ဦးလုံး ဒီညီလာခံမှာ ဗဟိုကော်မတီဝင်အသစ် အဖြစ် ပြန်လည်ရွေးကောက်ခံရပါတယ်။ ညီလာခံကို နောက် ၂ ရက် ဆက်တိုက် ကျင်းပမှာဖြစ်ပြီး ညီလာခံမှာ ဗဟိုကော်မတီဝင် ၁၀၀ ကျော်နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို ဆက်လက်ရွေးချယ်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024