A d v e r t i s e m e n t With Us

ညီလာခံအကြိုဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်ခံရ

ဒီနေ့ စတင်ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံရဲ့ ပထမနေ့ အကြိုဆွေးနွေးပွဲနေ့ နေ့ခင်းပိုင်း ၁ နာရီထိ ရရှိတဲ့သတင်းအရ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့် ညီလာခံသက်တမ်းမှာ ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ ကျန် ၂ ဦးကတော့ ဒေါက်တာမေ၀င်းမြင့်နဲ့ ဦးဟံသာမြင့်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ညီလာခံကို နောက် ၂ ရက်ကြာ ကျင်းပမှာဖြစ်ပြီး ညီလာခံမှာ ဗဟိုကော်မတီဝင် ၁၀၀ ကျော်နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို ဆက်လက်ရွေးချယ်မှာ ဖြစ်ပါတယ်။ နေ့ခင်း ၁ နာရီခွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေး ဗဟိုကော်မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို ဒီဗွီဘီက မေးမြန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up