DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းက တောင်နှစ်လုံး ဒေသခံများ တက်ရောက်နေရာယူ
DVB
·
March 8, 2013
လက်ပန်းတောင်းက တောင်နှစ်လုံး ဒေသခံများ တက်ရောက်နေရာယူ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးကို ဖိအားပေးမှုအသစ်အဖြစ် လက်ပန်းတောင်းတောင် ၃၃ လုံးထဲမှာ အပါအ၀င်ဖြစ်တဲ့ လိပ်ခွံတောင်နဲ့ အင်ကြင်းတောင် ၂ လုံးပေါ်မှာ ရွာသားတွေက မနေ့ညက နေရာတက်ယူလိုက်ကြပါတယ်။

ဒေသခံ ရွာသားတဦးက “ကျနော်တို့ မနေ့ည ၇ နာရီထိုးက စတာပဲခင်ဗျ။ လူအင်အား ၃၀၀-၄၀၀ ပါတယ်။ ရွာသားတွေက တက်သိမ်းတာ။ မသိမ်းခင်တုန်းက အဲဒီတောင်တွေပေါ်မှာ လူမရှိဘူး။ ကျနော်တို့ သိမ်းပြီးတဲ့နောက် အဲဒီကို လုံထိန်းတွေ တော်တော်များများရောက်လာပါတယ်။ မီးမောင်းတွေနဲ့ ကားတွေနဲ့ အများကြီးခင်ဗျ။ မီးသတ်ကားတွေရော အတော်များပါတယ်။”

တောင် ၂ လုံးပေါ် နေရာတက်ယူရတဲ့ ရည်ရွယ်ချက်ကတော့ ဒီစီမံကိန်း လုံးဝဖျက်သိမ်းရေးပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ပေးဖို့ သပိတ်စခန်းဖွင့်ထားတာကို ရဲတွေက မီးလောင်ဗုံးတွေနဲ့ ပစ်လို့ သံဃာအပါး ၁၀၀ ကျော် မီးလောင်ဒဏ်ရာသင့်ခဲ့ရပြီး အစိုးရက တောင်းပန်ထားပါတယ်။

အခု အစိုးရဘက်က ကိုင်တွယ်ရင် ဘာတွေပြင်ဆင်ထားလဲလို့ မေးရာမှာ “လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီး ဖျက်သိမ်းရေးအတွက် ကျနော်တို့ အသက်ပင်သေသေ ကာကွယ်စောင့်ရှောက်သွားမှာပဲ” လို့ ပြောပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို စစ်အစိုးရလက်ထက်မှာ လုပ်ခွင့်ပြုခဲ့တာဖြစ်ပြီး ဒီစာချုပ်နဲ့ စီမံကိန်းကို ပွင့်လင်းမြင်သာစွာ လူထုကို ချပြခဲ့ခြင်းမရှိပါဘူး။

လွန်ခဲ့တဲ့ ၂ ရက်ကပဲ ၃ လတာ ကြာမြင့်စွာ ဖွင့်လှစ်ဆန္ဒထုတ်ဖော်နေတဲ့ တုံရွာသပိတ်စခန်းကို ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးအသစ်က ပုဒ်မ ၁၄၄ သက်တမ်း တိုးတဲ့စာကို အသိပေး ပေးအပ်ခဲ့ပါတယ်။

လက်ပန်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးထားပြီး ဖေဖော်ဝါရီလကုန်ပိုင်း အစီရင်ခံစာထွက်မယ်လို့ မှန်းပေမယ့် မထွက်လာသေးဘဲ ဖြစ်နေပါတယ်။ Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013