Home
မြန်မာသတင်း
YBS ကတ်စနစ် စမ်းသပ်ရာတွင် နည်းပညာပိုင်း မှားယွင်းမှုအချို့တွေ့ရှိ  
စိုးမိုးအောင်
·
February 17, 2020
73306399_1489169101224303_1522743503329689600_n
ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေမှာ ကတ်စနစ်ကို ကနဦး ပိုင်းလော့ဂျက်အနေနဲ့ စမ်းသပ်အသုံးပြုရာမှာ နည်းပညာမှားယွင်းမှု ရှိနေတာကြောင့် ပြန်လည်ဆွေးနွေး လုပ်ဆောင်နေပါတယ်။ YBS ယာဉ်အသစ်တွေနဲ့ ပြေးဆွဲနေတဲ့ကုမ္ပဏီ ၄ ခုက ယာဉ်အစီး ၁၅၀၀ လောက်မှာ ကတ်စနစ်တပ်ဆင်ပြီး စမ်းသပ်အသုံးပြုမှုကို ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီ  ၉ ရက် အထိပြုလုပ်ခဲ့ပါတယ်။ ဒီလိုအသုံးပြုရာမှာ ကတ်တကတ်ကို လူတယောက်သာ အသုံးပြုဖို့သတ်မှတ်ထားပြီး နှစ်ကြိမ်၊ သုံးကြိမ်စီးတဲ့အခါ ဖြတ်မရတဲ့မှားယွင်းမှုတချို့ အဓိကဖြစ်ပေါ်နေတယ်လို့ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီရဲ့ဒါရိုက်တာ ဦးမင်းနိုင်က ပြောပါတယ်။ YBSယာဉ်တွေမှာ ကတ်စနစ်ကိုစမ်းသပ်တဲ့အခါ ရုံးတက်ရုံးဆင်းချိန်တွေမှာ စမ်းသပ်တာမျိုးတွေ ၊ တချိန်ထဲ ကတ်  သုံးခုလောက် အပြိုင်ထည့်သွင်းတာမျိုးတွေ စမ်းသပ် ပြုလုပ်ခဲ့တာပါ။ ကတ်စနစ်နဲ့စမ်းသပ်စီးနင်းတဲ့ ပိုင်းလော့ပရော့ဂျက်က ရရှိတဲ့ အချက်အလက်တွေအပေါ် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ  YRTA အဖွဲ့နဲ့ စမ်းသပ်ခဲ့တဲ့ ကုမ္ပဏီ ၄ ခုအပါအဝင် ကတ်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီနဲ့ တွေ့ဆုံဆွေးနွေးပြီး နောက်တဆင့်လုပ်ဖို့ စီစဉ်မယ်လို့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။ ကတ်စနစ် ပိုင်းလော့ပရောဂျက်လုပ်တဲ့အခါ ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီက ဝန်ထမ်းတွအပါအဝင်  YBS ကုမ္ပဏီဝန်ထမ်းတွေ ပူးပေါင်းပြီး ဘတ်စ်ကားရဲ့ အဆင်းအတက်မှာ တပ်ဆင်ထားတဲ့ စက်တွေမှာ စမ်းသပ်ခဲ့တာလို့ ဆိုပါတယ်။ YBS ကတ်စနစ်နဲ့ စမ်းသပ်စီးနင်းဖို့ အတွက် ကတ်တစ်ကတ်ကို ငွေ ကျပ် ၁၁၀၀၀ ထည့်ထားပြီး လူ ၉၅ ဦးကနေ ကုမ္ပဏီ ၄ ခုက ယာဉ်တွေကို ပုံစံအမျိုးမျိုးနဲ့ လိုက်ပါ စီးနင်းစမ်းသပ်ခဲ့တာပါ။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024