အလှမွေးငါးကြင်းပြပွဲ၊ ပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပ
DVB
·
February 17, 2020
စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ အလှမွေး ငါးကြင်း ပြပွဲ၊ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမမှာ ကျင်းပပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ အလှမွေး ငါးကြင်းမွေးမြူသူတွေ ချိတ်ဆက်နိုင်စေဖို့၊ မွေးမြူရေး နည်းစနစ်တွေ ဖလှယ်နိုင်စေဖို့နဲ့ ငါးကြင်းမွေးမြူသူတွေ များပြားလာစေဖို့ ရည်ရွယ်ကျင်းပတာပါ။
ပြိုင်ပွဲကို ရန်ကုန်၊ မန္တလေး၊ မတ္တရာ၊ ကျောက်ဆည် စတဲ့ မြန်မာပြည်အနှံ့က ငါးမွေးမြူသူတွေ လာရောက်ပြသခဲ့ပါတယ်။
အလှမွေးငါးကြင်း ပြိုင်ပွဲမှ အလှမွေး ငါးကြင်းအကောင်ရေ ၃၀၀ ကျော် လာရောက် ပြသ ယှဉ်ပြိုင်ခဲ့ပြီး ပြီးခဲ့တဲနှစ်ကထက် လာရောက်ပြသ၊ ယှဉ်ပြိုင်သူ ပိုများတယ်လို့ သိရပါတယ်။
ဒီပွဲကို Myanmar KOI Club က စီစဉ်ကျင်းပတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက် မှ ၁၈ ရက်နေ့ထိ ကျင်းပမှာဖြစ်ပါတယ်။
သတင်း- သော်တာ