Home
မြန်မာသတင်း
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ​ရုံး ဘားအံမြို့တွင်ဖွင့်လှစ်
DVB
·
February 17, 2020
86686867_557580535102224_2716831865741770752_o
86671197_557580408435570_5748726164197736448_o
86192872_557580278435583_7071794881294761984_o
85112714_557580605102217_8750952658229002240_o

ညီညွတ်သောတိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီ ပြည်နယ်ရုံးဖွင့်ပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်မှာ ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။

​တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို တရားမျှတစွာရရှိဖို့၊ အစိုးရက တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို တတ်နိုင်တဲ့ဘက်က ပြန်လည်ပြုပြင်ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ပါတီကို တည်ထောင်ခဲ့တာပါ။

ကရင်ပြည်နယ်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ဥက္ကဋ္ဌ ဦးစောမောင်ကြီးက “အာဏာရှင်အောက်မှာ ခေတ်အဆက်ဆက် နေထိုင်လာခဲ့ပြီးပြီ။ ဒီနေ့ ဒီမိုကရေစီပြည်သူ့အစိုးရလို့ခေါ်တဲ့ ပါတီတွေအောက်မှာလည်း နေထိုင်ခဲ့ပြီးပြီ ကျနော်တို့ တိုင်းရင်းသားတွေ လိုလားတဲ့ တိုင်းရင်းသားတွေအခွင့်အရေး၊ တန်းတူညီမျှမှု၊ တရားမျှတမှုတွေ မရှိသေးဘူး”လို့ ပြောပါတယ်။

၁၉၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစုတွေ စုပေါင်းဖွဲ့စည်းထားသလို ၁၉၉၀ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေ၊ နိုင်ငံရေးအတွေ့အကြုံ ရှိတဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ပါတီ ဖြစ်ပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က “နိုင်ငံကို တည်ထောင်တဲ့နေရာမှာ အစိုးရကြီးပဲ လူမျိုးတမျိုးတည်းနဲ့ ကိုယ်နိုင်ငံကို အင်နဲ့အားနဲ့ ထူထောင်လို့ မရဘူး။ တိုင်းရင်းသားတွေ ပါဝင်ပြီးတော့မှ အင်းနဲ့အားနဲ့ ထူထောင်မှ နိုင်ငံကောင်းတခု ဖြစ်မယ်” လို့ ပြောပါတယ်။

ပါတီရုံးဖွင့်ပွဲကို ရန်ကုန်နဲ့ ဘားအံမြို့တွေမှာ ဖွင့်လှစ်ပြီး​ဖြစ်သလို ​​ ပြည်နယ်နဲ့ တိုင်းတွေမှာ ဆက်လက်ဖွင့်လှစ်သွားမယ်လို့ တာဝန်ရှိသူက ပြေပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ကရင်အမျိုးသားဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီတွေ ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

 

ရဲမင်းခေါင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024