မန္တလေးမြို့ မင်္ဂလာဈေး ဈေးသူ ဈေးသားများ ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
February 16, 2020
မီးလောင်ကျွမ်းခဲ့တဲ့ မန္တလေးမြို့ မင်္ဂလာဈေးအား ဈေးသူ၊ဈေးသားများ ဆန္ဒအတိုင်း အမြန်ဆုံး တည်ဆောက်ပေးရေးဖို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ဈေးသူ၊ဈေးသား ၁၀၀ ကျော် မန္တလေးမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အဆိုပါ ဆန္ဒပြသူတွေက မီးဘေးသင့် မင်္ဂလာဈေး ဈေးသူ ဈေးသား ဆန္ဒအတိုင်း အမြန်ဆုံး တည်ဆောက်ပေးရေး၊ မန္တလေးတိုင်းအစိုးရ၏ ပေးထားသော ကတိစကားများအတိုင်း အမြန်ဆုံးဆောင်ရွက်ပေးရေး၊ မြေညီထပ် မူလနေရာ မူလအတိုင်း ပြန်လည်ရရှိရေး၊ တာ၀န်မယူနိုင်သော ပုဂ္ဂိုလ်များ အလိုမရှိ၊ မြေအောက်ထပ် အလိုမရှိ၊ သမ္မတကြီး နှင့် အမေစု ကူညီပေးပါ စတာတွေကို ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
Photo -Kaung Zaw Hein / MPA