လီဗာပူးက နော့ဝှစ်ချ်ကို မာနေး၏သွင်းဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက နော့ဝှစ်ချ်ကို မာနေးရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။  လီဗာပူးအသင်းဟာ အမှတ်ပေးဇယားအဆင့် ၂၀ က နော့ဝှစ်ချ်ကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပွဲချိန် ၇၈ မိနစ်မှာ လူစား ဝင်ကစားတဲ့ မာနေးက သွင်းယူနိုင်ခဲ့လို့ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တာပါ။ မာနေးအတွက် ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီး လီဗာပူးအတွက် ၇၅ ဂိုး၊ အသင်းဟောင်း ဆောက်သမ်တန်အတွက် ၂၅ ဂိုး သွင်းယူခဲ့တာပါ။  ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက မန်စီးတီးအသင်းကို တပွဲပိုကစားပြီး ၂၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဖေဖော်ဝါရီ ၁၉ ရက်မှာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ် ကစားရမှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အစောပိုင်း ပွဲစဉ်တခုမှာတော့ ဆောက်သမ်တန်က အိမ်ကွင်းမှာ ဘန်လေကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up