ပိုင်တံခွန်၊ ဖွေးဖွေး၊ ယွန်းဝတီလွင်မိုးတို့ ပါဝင်သည့် ‘ရွှေဖူးစာ’ရုပ်ရှင်ရိုက်မည်
DVB
·
February 14, 2020

လူငယ်ပရိသတ်တွေကြား အခိုင်အမာ အားပေးမှုတွေ ရရှိထားတဲ့ ဝါရင့်သရုပ် ဆောင်မင်းသမီး ဖွေးဖွေး၊ ပိုင်တံခွန်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ‘ရွှေဖူးစာ’ ရုပ်ရှင် ကို ရိုက်ကူးသွားဖို့ ရှိနေပါတယ်။
ဒီကားကိုတော့ ဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး နာမည်ကြီး စာရေးဆရာမ ပုညခင်ရဲ့ ဝတ္ထုကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ဖွေးဖွေး၊ ပိုင်တံခွန်တို့နဲ့အတူ သရုပ်ဆောင်လွင်မိုးရဲ့ သမီး ယွန်းဝတီလွင်မိုး၊ သရုပ်ဆောင်မင်းသား ကောင်းမြတ်စံ၊ ဝါရင့်သရုပ်ဆောင်မင်းသား မိုးဒီတို့နဲ့ တခြားအနုပညာရှင်တွေလည်း ပါဝင်သွားကြမှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားရဲ့ ကန်တော့ပွဲပေးတဲ့ အခမ်းအနားကိုတော့ ဒီကနေ့မနက်ပိုင်းက ရန် ကုန်မြို့၊ ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီကားနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မင်းသမီး ဖွေးဖွေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင် တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ခုလိုရေး သားဖော်ပြထားခဲ့ပါတယ်။
“အချစ်ဆိုတာ ကိစ္စမဟုတ်ဘူး… သိပ်လှတဲ့စိတ္တဇ… #ရွှေဖူးစာလေးချာချာလည် #ပုညခင်”
ဒီကားကို ရိုက်ကူးမယ့် ဒါရိုက်တာ ပွင့်သိင်္ဂီဇော်ကတော့ “2020 ရဲ့ ပထမဆုံး ရိုက် မယ့် ရုပ်ရှင် “ရွှေဖူးစာ” ရိုက်ချင်တာ ၂ နှစ်ရှိပြီ အခုတော့ရိုက်ရပြီ”ဆိုပြီး ရေးသားထားခဲ့ တာ ဖြစ်ပါတယ်။