Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် ကောလာဟလများ ထပ်ဆင့်ဖြန့်ဝေခြင်းမပြုလုပ်ရန် နှိုးဆော်
DVB
·
February 14, 2020
ကိုရိုနာဗိုင်းရပ်ရောဂါနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ လူမှုကွန်ရက်မှာ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေတာရှိနေတဲ့အတွက် သတင်းတု၊ သတင်းမှားတွေကို ထပ်ဆင့်ဖြန့်ဝေတာ ရှောင်ရှားကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အများပြည်သူတွေကို အသိပေးနှိုးဆော်ထားပါတယ်။ ရောဂါစောင့်ကြည့်လူနာတွေနဲ့ပတ်သက်တဲ့ မဟုတ်မမှန်သတင်းတွေကို ဖေ့စ်ဘွတ်ခ် အကောင့်တွေမှာ ဖြန့်ဝေနေတာဟာ လူ့ကျင့်ဝတ်တွေနဲ့လည်းမညီဘဲ အများပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်စေသလို လူနာနဲ့ လူနာ မိသားစုဝင်တွေ အလွန်နစ်နာစေတဲ့အပြင် လူနာတွေကို အနီးကပ် ကုသစောင့်ရှောက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ ထိခိုက်နစ်နာစေတယ်လို့ ကျန်းမာရေးဌာနကဆိုပါတယ်။ “ပြည်သူများ ထိတ်လန့်ကြောက်ရွံ့စေရန်၊ အခြေအနေအရပ်ရပ် တည်ငြိမ်မှုမရှိစေရန်နှင့် ထိုသို့ ထိတ်လန့်ကြောက်ရွံ့မှုအပေါ် အခွင့်ကောင်းယူကာ စီးပွားရေး အကျိုးအမြတ်အပါအဝင် အကျိုးအမြတ်များရရှိစေရေးအတွက် မသမာသူများက တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းဖြင့်လည်းကောင်း ကောလာဟလ သတင်းတု၊ သတင်းမှားများနှင့် လွှဲမှားသော ကျန်းမာရေးအယူအဆများကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသည်ကိုလည်း တွေ့ရှိနေရပါတယ်” လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  ဒါ့ကြောင့် သက်ဆိုင်တာဝန်ရှိသူတွေက Myanmar Facebook Team နဲ့ တွေ့ဆုံပြီး လူမှုကွန်ရက်မှာ ဖန်တီးဖြန့်ဝေနေတဲ့ ကောလာဟလ သတင်းမှားတွေကို  ဖယ်ရှားရှင်းလင်းနိုင်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့သလို ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့ နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ တရားဝင်သတင်းမီဒီယာတွေက သတင်းတွေကိုသာ ယုံကြည်ကြဖို့လည်း  မေတ္တာရပ်ခံထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024