DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ရေယာဉ်နှစ်စီး အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးသွားရောက်
DVB
·
March 7, 2013
Donate to DVB

မြန်မာ့တပ်မတော် (ရေ) ရဲ့ စစ်ရေယာဉ် အောင်ဇေယျနဲ့ စစ်ရေယာဉ် ဘုရင်နောင်တို့ဟာ  မတ် ၅ ရက်နေ့ မနက်က အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီး ထွက်ခွာသွားပါတယ်။

မြန်မာစစ်ရေယာဉ်တွေဟာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရေတပ်ဌာနချုပ် (Eastern Naval Command) တည်ရှိရာ အိန္ဒိယ အရှေ့ပိုင်း အင်ဒရာ ပရာဒက်ရှ် (Andhra Pradesh) ပြည်နယ်၊ ဗီရှား ကာပတ်နမ် (VISHA-KHAPATNAM) ဆိပ်ကမ်းကို သွားဖို့  ရန်ကုန်မြို့ အမှတ် ၃ ရေတပ် ဆိပ်ခံတံတားကနေ စတင် ထွက်ခွာတာလို့ မြ၀တီသတင်းက ရေးပါတယ်။

ဒီစစ်ရေယာဉ်တွေဟာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ၆၅ နှစ်တာ ကာလအတွင်း  ပထမဆုံးသွားရောက်တဲ့ ချစ်ကြည်ရေးခရီး ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဆိပ်ကမ်းမှာ မတ် ၁ဝ ရက်မှ ၁၅ ရက်အထိ ဆိုက်ကပ် လည်ပတ်ပြီး အပြန်ခရီးကျရင် အိန္ဒိယရေတပ်က စစ်ရေယာဉ်များနဲ့ အတူ နှစ်နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် တလျှောက် သက်ဆိုင်ရာ ရေပြင်တွေမှာ နှစ်နိုင်ငံ ပူးပေါင်း ကင်းလှည့်ကြဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ် ဧပြီလကုန်ပိုင်းကတော့ အိန္ဒိယကမ်းခြေစောင့် စစ်ရေယာဉ်  ဗာဂ်ျရာ (Vajra) နဲ့ စစ်ရေယာဉ် ရာဇီယာ စူလ်တနာ (Razia Sultana) တို့ မြန်မာပြည်ကို လာရောက်လည်ပတ်ဖူးသလို မနှစ် ဖေဖော်ဝါရီတုန်းကတော့ မြန်မာရေတပ်ဟာ အိန္ဒိယနဲ့ ၁၄ နိုင်ငံက ရေတပ်ဖွဲ့တွေ ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဆင်နွှဲဖူးပါတယ်။

အိန္ဒိယ၀န်ကြီးချုပ်ရဲ့ မနှစ်ဧပြီလ မြန်မာခရီးစဉ်မှာတုန်းက ပင်လယ်ပြင်လုံခြုံရေး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ အလေးပေး ပြောခဲ့ပါတယ်။ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ လိုအပ်နေပြီး ဒါဟာ နှစ်နိုင်ငံနယ်စပ် မြေပြင်ငြိမ်းချမ်းမှုကို ထိန်းသိမ်းဖို့တင်မကပဲ ကာလကတ္တားနဲ့ စစ်တွေအကြား ရေလမ်းနဲ့ ကုန်သွယ်တဲ့အခါ ကာကွယ်ဖို့အတွက်ပါ အချက်အခြာကျပါတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013