Home
မြန်မာသတင်း
ကြက်သွန်ဈေးမြင့်တက်နေသဖြင့် ‌ကြက်သွန်စိုက်တောင်သူများ အကျိုးအမြတ်ရနေ 
Aung Ko Latt
·
February 13, 2020
မြန်မာပြည်တွင်းမှာ ကြက်သွန်ဈေးတွေမြင့်တက်နေလို့ ကြက်သွန်စိုက်သူတွေ အရင်နှစ်ကထက် နှစ်ဆကျော် အကျိုးအမြတ်ရရှိနေတယ်လို့  ‌ကြက်သွန်စိုက်တောင်သူတွေက ပြောပါတယ်။ မုံရွာမြို့နယ်၊ ကိုးပင်ကျေးရွာက ‌ကြက်သွန်စိုက်တောင်သူ ဦးစန်းဝင်းက "ဒီနှစ်က ပိုးကျတာလည်း မရှိသလောက်ပဲ။ ဈေးကလည်း မမျှော်မှန်းတဲ့ဈေးတွေရနေတယ်။ အရင်နှစ်က၁ ပိဿာကို ၆၀၀ ကျပ် ဝန်းကျင်ပဲ ရှိတယ်။ ဒီနှစ်တော့ ၁၂၀၀ ဝန်းကျင်ထိ တောထဲ ပေါက်ဈေးရနေတယ်။ စောစောစိုက် စောစောပေါ်တဲ့‌သူတွေအဆင်ပြေကြတယ်။ လှိုင်လှိုင်တော့ မပေါ်သေးဘူး။ မြေငှားစိုက်တဲ့သူကော၊ တောင်သူတွေပါ အကုန်လုံးအဆင်ပြေ ကြတယ်ပေါ့။"လို့ ပြောပါတယ်။ ကြက်သွန်ကို မုံရွာမြို့နယ်က ကျေးရွာတချို့မှာ စောစိုက်တဲ့ တောင်သူတွေကတော့ စတင် ဖော်နေကြပြီဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံက ကြက်သွန်ကို ဘင်္ဂလားဒေ့ရှ်က အဓိက ဝယ်ယူနေတာပါ။ တရုတ်ဘက်ကတော့ လတ်တလောဖြစ်ပွားနေတဲ့ ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လမ်းကြောင်းပိတ်ထားတာတွေရှိတဲ့အတွက် အရောင်းအဝယ် နည်းပါးနေပါသေးတယ်။  ပုံမှန်အားဖြင့် ကြက်သွန်က တပေါင်းလမှသာ ဖော်ကြပေမယ့် ဈေးကွက်အမီရချင်တဲ့အတွက် ၁ လလောက်စောပြီး တူးဖော်နေကြပါတယ်။ အဲလို တူးဖော်တာတွေကြောင့် ကြက်သွန် အထွက်နှုန်းလျော့ကျတာတွေရှိပေမယ့် ဈေးကွက်မြင့်တက်တဲ့အတွက် အဆင်ပြေတယ်လို့ ကြက်သွန်စိုက်သူတွေက ပြောပါတယ်။  ကြက်သွန်က ပုံမှန်အားဖြင့် ၁ ဧကကို ပျမ်းမျှ ပိဿာချိန် ၅၀၀၀ ဝန်းကျင် ထွက်တယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းက ကြက်သွန်ဈေးကွက် မကောင်းတဲ့အတွက် အရှုံးပေါ်တာတွေလည်း ရှိခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024