ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲရွှေ့ဆိုင်းရသဖြင့် ပေါင် ၃၅ သန်း နစ်နာ

ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်ဂရင်းပရစ်ခ်ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ရပြီး ဖော်မြူလာဝမ်း အသင်းပိုင်ရှင်တွေအတွက် ပေါင် ၃၅သန်းလောက်နစ်နာသွားတယ်လို့ လစ်ဘာတီမီဒီယာက အတည်ပြုဖော်ပြပါတယ်။ လက်ရှိမှာတော့ ရှန်ဟိုင်းဂရင်းပရစ်ခ်ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းထားပြီးတာ့ ပြန်လည်ကျင်းပမယ့်ရက်ကိုတော့ အတိအကျ မစီစဉ်ရသေးပါဘူး။ ဝူးဟန်ဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့နေရာဟာ ပြိုင်ပွဲကျင်းပမယ့် ရှန်ဟိုင်းမြို့နဲ့ မိုင် ၅၀၀ လောက်သာ ကွာဝေးတာကြောင့် ပြိုင်ပွဲတာဝန်ရှိသူတွေက  ပွဲကိုရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ လက်ရှိမှာ ဝူဟန်ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၄၅၀၀၀ လောက်ကူးစက်ခံထားရပြီး သေဆုံးသူ ၁၁၀၀ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ဖော်မြူလာဝမ်းပြိုင်ပွဲအပြင် အိမ်နီးချင်းနိုင်ငံတွေမှာ ကျင်းပမယ့် အားကစားနည်းအမျိုးအစားမျိုးစုံကိုလည်းရွှေ့ဆိုင်းထားလိုက်ရပါတယ်။

More News
Up