ပြည်ထောင်စုနေ့ အထိမ်းအမှတ် မကွေးတိုင်းဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲကျင်းပ

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ် မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲ ဆု​ပေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက် မနက်က မကွေးမြို့ FC ကွင်းမှာ ကျင်းပခဲ့ပါတယ်။ မြင်းစီးပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊​ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်နဲ့ ပြည်သူလူထုပူးပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်။  မြင်းစီးပြိုင်ပွဲမှာ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနဲ့ နေပြည်တော် စတဲ့တိုင်းဒေသကြီးတို့မှ မြင်းစီးအားကစားသမားတွေက မြင်းအကောင်ရေ ၅၄ ကောင် လာရောက်ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။ အစိုးရအဖွဲ့တွေက ကြီးမှူးကျင်းပတဲ့မြင်းစီးပြိုင်ပွဲတွေမှာ မကွေးတိုင်က အစည်ကားဆုံး ဖြစ်တဲ့အတွက် ဝမ်းသာမိတယ်လို့ မကွေးတိုင်းဒေသကြီး မြင်းစီးအသင်းဥက္ကဋ္ဌ တိုင်းအစိုးရအဖွဲ့ တိုင်းဥပဒေချုပ် ဦးဆန်းလင်းက ပြောပါတယ်။​ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အ​​​ဖြစ်မြင်းဒုန်းစီးအားကစား အငယ်၊ အလတ်နဲ့ အကြီးပြိုင်ပွဲ၊ မြန်မာခြေအသားကျပြိုင်ပွဲတွေ ကျင်းပတာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ကုန်းနှီးလွတ်ဒန်းစီးအားကစားအကြီး၊ အလတ်ပြိုင်ပွဲတွေကို ကျင်းပ ပါတယ်။ မြင်းစီးပြိုင်ပွဲဆုပေးပွဲကို ပြည်ထောင်စုနေ့မှာ ပထမ၊ ဒုတိယ၊ တတိယအပြင် အခြားဆုတွေ ကိုလည်း တာဝန်ရှိသူတွေကချီးမြှင့်ပေးခဲ့ပါတယ်။ မကွေးတိုင်းမှာ အခုလိုကြီးကျယ်တဲ့ မြင်းစီးပြိုင်ပွဲမျိုးကျင်းပနိုင်တဲ့အတွက်ဝမ်းသာမိသလို နှစ်စဉ် ကျင်းပပေးစေချင်တယ်လို့ ဆုရရှိတဲ့သူတွေက ပြောပါတယ်။ ​ပြည်ထောင်စုနေ့အထိမ်းအမှတ်အ​​​ဖြစ် မြင်းဒုန်းစီးအားကစား အငယ်၊ အလတ် အကြီးပြိုင်ပွဲ၊ မြန်မာခြေအသားကျပြိုင်ပွဲတွေအတွက် ပထမဆု ကျပ် ၇ သိန်း၊ ဒုတိယဆုကျပ် ၅ သိန်း၊ တတိယဆုကျပ် ၃ သိန်းချီးမြှင့်ပေးတာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ကုန်းနှီးလွတ်ဒန်းစီးအားကစားအကြီး အလတ်ပြိုင်ပွဲတွေအတွက် ပထမဆုကျပ် ၅သိန်း၊ ဒုတိယဆု ကျပ် ၃ သိန်း၊ တတိယဆုကျပ် ၂ သိန်းတို့ကိုချီးမြှင့်ပေးပါတယ်။ သတင်း- တင်ရွှေ(မင်းဘူး)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up