Home
မြန်မာသတင်း
ဧရာဝတီတိုင်း စည်ပင်သာယာရေးကော်မတီကို တိုးချဲ့ဖွဲ့စည်းမည်
DVB
·
February 12, 2020
84416497_777816629369349_8400640007282360320_n
ဧရာဝတီတိုင်း စည်ပင်သာယာရေး ဥပဒေသစ်မှာ တိုင်းစည်ပင်သာယာရေး ကော်မတီကို တိုးချဲ့ဖွဲ့စည်းသွားဖို့ ထည့်သွင်းရေးဆွဲထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။ လက်ရှိမှာတော့ တိုင်းဒေသကြီးလွှတ်တော် စည်ပင်သာယာရေးကော်မတီက ဥပဒေကို အချောသတ်ပြီး ဖြစ်ကြောင်းနဲ့ ရေးဆွဲထားတဲ့ ဥပဒေကို ပြည်သူတွေကို ချပြပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ဥပဒေသစ်မှာ တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီကိုဖွဲ့စည်းဖို့ ထည့်သွင်း ရေးဆွဲထားပြီး ကော်မတီမှာ အရပ်ဘက်က ရွေးချယ်လိုက်တဲ့ အရပ်သားအဖွဲ့ဝင် ၃ ဦး၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ တိုင်းစည်ပင်သာယာရေး ညွှန်ကြားရေးမှူး ပါဝင်တာကို ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။ ဥပဒေအသစ်မှာ ရွေးကောက်ခံစည်ပင်သာယာရေး ကိုယ်စားလှယ်တွေကို ဦးစားပေးထားပြီး ထူးထူးခြားခြားပြောင်းတာ ပြစ်မှုပြစ်ဒဏ်တွေ ပြောင်းထားတယ်လို့လည်း ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေကို ၂၀၁၂ခုနှစ်က စတင်ရေးဆွဲ ထားတာလည်း ဖြစ်ပါတယ်။ NB AYWD Municipal သတင်း - စည်သူမောင်မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024