Thursday, June 8, 2023
HomeCOVID19တရုတ်ရွှေလီရဲဌာနက တစ်ပတ်အတွင်း မြန်မာလုပ်သား ၈၀၀ ခန့် ပြန်လွှဲပေး

တရုတ်ရွှေလီရဲဌာနက တစ်ပတ်အတွင်း မြန်မာလုပ်သား ၈၀၀ ခန့် ပြန်လွှဲပေး

ပြီးခဲ့တဲ့ သီတင်းတပတ်အတွင်းမှာ တရုတ်နိုင်ငံ ရွှေလီရဲဌာန၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး ဌာနခွဲက နေရပ်ပြန်လိုတဲ့ မြန်မာလုပ်သား ၈၀၀ ဝန်းကျင်ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။

အဲ့လိုပြန်လွှဲပေးလိုက်သူတွေကို  မူဆယ်မြို့ နန်းတော်စစ်ဆေးရေးဂိတ်ကနေ တဆင့် ကျန်းမာရေးစစ်ဆေးပြီးမှ လက်ခံနေတာဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြန်ဝင်လာသူတွေရဲ့ နေရပ်ကို မော်တော်ယာဉ်တွေနဲ့ အသီးသီး ပို့ဆောင်ပေးခဲ့တယ်လို့လည်း အမှတ်(၇)လူဝင်မှုကြီးကြပ်ရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးအောင်သူက ပြောပါတယ်။

တရုတ်ရဲဌာနအနေနဲ့ အခုလို မြန်မာလုပ်သားတွေပြန်လည်လွှဲပြောင်းပေးတာဟာ အခု ဖေဖော်ဝါရီလအတွင်း ၄ ကြိမ်ရှိပြီဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့က ၂၀၃ ဦး၊ ဖေဖော်ဝါရီ ၇ ရက်က ၃၂၀ ဦး၊ ဖေဖော်ဝါရီ ၈ ရက်က ၁၆ ဦးနဲ့ဖေဖော်ဝါရီ ၁၁ ရက်က ၂၁၇ ဦးတို့ကို ပြန်လွဲပေးခဲ့တာပါ။ 

အရင်ကလည်း ပြန်လွှဲပေးတာတွေရှိပေမယ့် လက်ရှိတရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အခုလို အရေအတွက်များများကို ပြန်လွှဲနေတာဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular