ရွှေ့ဆိုင်းလိုက်သည့် မန်စီးတီးနှင့် ဝက်စ်ဟမ်း ပွဲစဉ် ဖေဖော်ဝါရီ ၁၉ တွင် ပြန်ကန်မည်

608
ရာသီဥတုကြောင့် ရွှေ့ဆိုင်းလိုက်ရတဲ့ မန်ချက်စတာစီးတီးနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပြန်ကန်ဖို့ သတ်မှတ်လိုက်ပါတယ်။
အဲဒီရက်ဟာ ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားတဲ့ရက်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ လက ဖေဖာ်ဝါရီ ၉ ရက်နေ့မှာ ကန်ဖို့ စီစဉ်ထားပေမယ့် ဗြိတိန်နိုင်ငံမှာ လေပြင်းတွေ တိုက်ခိုက်နေတာကြောင့် ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်တာပါ။
ဝက်စ်ဟမ်းနဲ့ ပွဲစဉ်ဟာ မန်စီးတီးအတွက်တော့ စပါးကို ဖေဖော်ဝါရီ ၂ ရက်နေ့က ရှုံးတဲ့ပွဲစဉ်အပြီးမှာ ပထမဆုံး ပြန်ကန်တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။