Home
သတင်းဓာတ်ပုံ
ပြည်ထောင်စုအင်စတီကျူ့၏ သုတေသနစာတမ်း မိတ်ဆက်ပွဲ ပြုလုပ် (ဓာတ်ပုံ)
DVB
·
February 11, 2020
84285571_2423578567972414_8110739545982500864_o
85100617_2423578307972440_7602409894255263744_o
84253144_2423578381305766_7168702851164667904_o
83594766_2423578644639073_6224492632312119296_o
ပြည်ထောင်စုအင်စတီကျူ့ရဲ့ အမျိုးသားလွှတ်တော် အခန်းကဏ္ဍနှင့် ဖက်ဒရယ်အိပ်မက် နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် သူတို့၏လောကအမြင် သုတေသန တွေ့ရှိချက် မျှဝေတဲ့အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဥပဒေပြုရေးအခန်းကဏ္ဍ ပိုမိုသက်ဝင်အားကောင်းလာဖို့နဲ့ အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အမျိုးသားလွှတ်တော်ရဲ့ အခန်းကဏ္ဍကို လေ့လာဝေဖန်ဆန်းစစ်သွားနိုင်ဖို့ အမျိုးသားလွှတ်တော် အခန်းကဏ္ဍနှင့် ဖက်ဒရယ်အိပ်မက် သုတေသန စာတမ်းပြုလုပ်ခဲ့တာလို့ ပြည်ထောင်စုအင်စတီကျူ့ သုတေသနဒါရိုက်တာ ဒေါက်တာစိုင်းဦးက ပြောပါတယ်။ နိုင်ငံရေးအကူးအပြောင်းတခုမှာ တည်တံ့တဲ့ငြိမ်းချမ်းရေးကို သွားမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ ယုံကြည်မှု၊ အယူဝါဒ၊ ရပ်တည်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် သူတို့၏လောကအမြင် သုတေသနစာတမ်းမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်မှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအောင်မင်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ စိုင်းညွှန့်လွင်တို့က သုတေသနစာတမ်း အပေါ် မှတ်ချက်စကား ပြောကြားခဲ့ပါတယ်။ အမျိုးသားလွှတ်တော် အခန်းကဏ္ဍနှင့် ဖက်ဒရယ်အိပ်မက် စာတမ်းကို တပ်မတော်သားတွေ မပါဝင်ဖွဲ့ အဖွဲ့အစည်းကဏ္ဍစုံက (၁၀၆)ဦးကို တွေ့ဆုံမေးမြန်းထားပြီး လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် သူတို့၏လောကအမြင် သုတေသနစာတမ်းမှာ လက်နက်ကိုင်အဖွဲ့ (၁၆)ဖွဲ့က (၅၁)ဦးကို မေးမြန်းထားတယ်လို့ သိရပါတယ်။ နူးရာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024