တန်းတူအခွင့်အရေးပေးရန် ကရင်အမျိုးသားနေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် 

၇၂ နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်မြို့က ယုဒသန်ရိပ်သာမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။  ၁၉၄၈ ခုနှစ် ဖေဖောဝါရီ ၁၁ ရက်နေ့မှာ မြန်မာတနိုင်ငံလုံးက ကရင်အမျိုးသားတွေ စုစည်းပြီး တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆန္ဒပြပွဲကျင်းပခဲ့ကြပါတယ်။ ဒီနှစ်မှာလည်း ကရင်ပြည်နယ်ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချင်ချင်းပြ၊ လူမျိုးရေး အဓိကရုဏ်း အလိုမရှိ နဲ့ ပြည်တွင်းစစ်အလိုမရှိ ဆိုတဲ့ ဆိုင်းပုဒ်ကိုင်ဆောင်ပြီး ကရင်လူမျိုး အယောက် ၁၀၀ နီးပါးက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါ့အပြင် ကရင်လူမျိုးတွေ့ရဲ့ အထင်ကရနေ့တွေကို လွတ်လပ်ပေါ့ပါးစွာ ကျင်းပခွင့်ပြုဖို့နဲ့ တန်းတူအခွင့်အရေးပေးဖို့ တောင်းဆိုထားပါတယ်။  ၇၂ နှစ်မြောက် ကရင်အမျိုးသားနေ့ကိုတော့ ကရင်လူမျိုးတွေနေထိုင်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ကျင်းပနေပါတယ်။ ဓာတ်ပုံ - Ye Myo Khant / MPA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up