DVB Logo
Home
မြန်မာသတင်း
New York Convention အဖွဲ့ဝင်ရန် လွှတ်တော်အတည်ပြု
DVB
·
March 5, 2013
New York Convention အဖွဲ့ဝင်ရန် လွှတ်တော်အတည်ပြု
1 / 2
Donate to DVB

New York Convention အဖွဲ့ထဲကို မြန်မာက အဖွဲ့ဝင်အဖြစ် ၀င်ရောက်ရေးအတွက် ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

“Convention on the Recognition and Enforcement of Foreign Arbitral Awards, 1958 (New York Convention)” သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးနဲ့ စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် အတည်ပြုခဲ့တာပါ။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက အနာဂတ် မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံတာတွေ လာရောက်တော့မှာ ဖြစ်တဲ့အတွက် အငြင်းပွားမှုတွေ ဖြစ်လာမယ်ဆိုရင် ဒီအဖွဲ့မှာ တရားရင်ဆိုင်ဆုံးဖြတ်ခံနိုင်မယ်လို့ ပြောပါတယ်။

လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေနဲ့ အမှုရင်ဆိုင်ရာမှာ  ရှုံးနိမ့်ခဲ့ရင်လည်း လျော်ကြေးရရှိအောင် ဒီအဖွဲ့က ဆောင်ရွက်ပေးနိုင်တယ်လို့ ဆိုပါတယ်။

“နောက်မှာ ကျနော်တို့နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာမယ်။ ကျနော်တို့အစိုးရနဲ့သော်လည်းကောင်း၊ စီးပွားရေးပါတနာအချင်းချင်းသော်လည်းကောင်း အငြင်းပွားမှုတွေဖြစ်တယ်ဆိုရင် ခုံရုံးအဖွဲ့ဝင်ဖြစ်တဲ့အတွက်ကြောင့် ဒါတွေကို ကျနော်တို့နိုင်ငံမှာလည်း ဥပဒေနဲ့အညီ တရားရင်ဆိုင်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း အဲဒီအဖွဲ့မှာသွားရောက်ပြီး တရားရင်ဆိုင်မှုပြုနိုင်တယ်။ အဲမှာ နိုင်ငံခြားကုမ္ပဏီက ရှုံးသွားတယ်ဆိုရင်၊ ကျနော်တို့က ဒီအဖွဲ့အစည်းကို ၀င်မထားဘူးဆိုရင် ရှူံးသွားတဲ့ကုမ္ပဏီက လျော်ကြေးတွေဘာတွေပေးဖို့တို့ အဲဒါတွေ ထိထိရောက်ရောက် မလုပ်နိုင်ဘူးပေါ့။ ၀င်ထားတယ်ဆိုရင်တော့ အဲကုမ္ပဏီကို အဖွဲ့အစည်းကနေ၊ တကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းဖြစ်လို့ ကုမ္ပဏီကိုဖိအားပေးနိုင်တယ်။ ဖိအားပေးနိုင်ပြီး လျော်ပေးရမှာတွေနဲ့ပတ်သက်လို့ မလိုက်နာမနေရ လိုက်နာအောင် ဆောင်ရွက်ပေးနိုင်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုစာချုပ်ထဲပဲ ၀င်ဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမယ့်သူတွေ အဓိက ကြည့်တာ ပြည်တွင်း အခင်းအကျင်း ဖြစ်တာကြောင့် သူတို့ ယုံကြည်မှုရအောင် ကိုယ့်နိုင်ငံမှာ တရားဥပဒေရေးကိစ္စတွေမှာ ပြည့်ပြည့်စုံစုံဖြစ်ဖို့၊ တရားရေးမဏ္ဍိုင်ကြံ့ခိုင်ဖို့၊ ဘက်လိုက်မှုကင်းတဲ့ တရားသူကြီးတွေ၊ တရားစီရင်ရေးရှိဖို့ကိစ္စတွေ အဓိကထားပြောဆိုသွားပါတယ်။

New York Convention အဖွဲ့ထဲကို ကမ္ဘာ့နိုင်ငံပေါင်း ၁၃၆ နိုင်ငံက ၀င်ထားပြီးဖြစ်သလို အာဆီယံ ၁၀ နိုင်ငံမှာလည်း မြန်မာတနိုင်ငံပဲ အဖွဲ့ဝင်အဖြစ် မ၀င်ရောက်သေးဘူးလို့ ဦးရဲထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013