Home
Lead Story
ကျောက်တံခါးမြို့အနီး နွားလှည်းကို ကားဝင်တိုက်မောင်းပြေး၊ ၁ ဦး သေဆုံး
DVB
·
February 11, 2020
86290914_2590544437735274_6245154036345995264_o
85195959_2590544131068638_643146673693917184_o
85013055_2590544854401899_3726487224292737024_o
84993875_2590544264401958_3274115705032671232_o
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့မရဲစခန်းအပိုင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းမိုင်တိုင် အမှတ်၉၀/၄ အနီး ဘာဘူကုန်းကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၅ နာရီလောက်က ကားတစီးက နွားလှည်းကို  ဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးသွားတယ်လို့ ကျောက်တံခါးမြို့မ ရဲတပ်ဖွဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ နွားလှည်းမောင်းသူရဲ့ ဦးခေါင်းထိပ်ပွန်းပြဲဝဲယာ ခြေမ ခြေညိုး ပွန်းပြဲဒဏ်ရာတွေ ရရှိကာ ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ထားရပြီး လှည်းပေါ် လိုက်ပါလာသူ ဒေါ်ဆူမီသရီးကတော့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူရဲ့မိသားစုဝင်တဦးက "ကားသမားကတော့ ကားမောင်းပြီး ထွက်ပြေးသွားတယ် ပြောတယ်။ ကားမှန်တွေ ဘာတွေ ကွဲသွားတယ်။ နွားနှစ်ကောင်လည်း ထိတယ်။ ကားက ကျနေခဲ့တဲ့ ပစ္စည်းတွေကို စခန်းကတော့ သိမ်းထားတယ် ပြောတယ်။ အမကတော့ ခေါင်းက ဒဏ်ရာနဲ့ နေရာမှာပဲ ဆုံးတယ်" လို့ ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်တံခါးမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၀၂ အရ ယာဉ်အားပေါ့ဆစွာမောင်းနှင်၍ ထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို အမှုဖွင့်အရေးယူကာ ထွက်ပြေးလွတ်မြောက်နေသူကို ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024