DVB Logo
Home
မြန်မာသတင်း
USAID အုပ်ချုပ်ရေးမှူး မြန်မာနိုင်ငံ သွားရောက်မည်
DVB
·
March 5, 2013
USAID အုပ်ချုပ်ရေးမှူး မြန်မာနိုင်ငံ သွားရောက်မည်
Donate to DVB

အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အဖွဲ့ကအုပ်ချုပ်ရေးမှူး ဒေါက်တာ ရေးဂျစ်ရှာ (Rajiv Shah) ဟာ ရန်ကုန်နဲ့ နေပြည်တော်ကို ပထမဆုံးအကြိမ် အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။

ဒေါက်တာ ရေးဂျစ်ရှာရဲ့ ခရီးစဉ်ဟာ မြန်မာနဲ့ USAID တို့ လက်တွဲဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုတွေဖြစ်လာရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေမှာ ရှေ့ဆက်ပိုလုပ်ဆောင်နိုင်အောင် တိုးတက်လာတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြမယ် လို့လည်း ဆိုပါတယ်။

[caption id="attachment_37110" align="alignright" width="150" caption=" ဒေါက်တာ ရေးဂျစ်ရှာ"][/caption]

ဒေါက်တာ ရေးဂျစ်ရှာဟာ ရန်ကုန်၊ နေပြည်တော်ကိုလည်း သွားရောက်မှာ ဖြစ်ပြီး ရှေ့ဆက် USAID အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ အရေးပါတဲ့ ကြေညာချက်တွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။  အိန္ဒိယနိုင်ငံခရီးစဉ်အပြီး မြန်မာနိုင်ငံကို လာရောက်တာလည်း ဖြစ်ပါတယ်။

USAID အဖွဲ့ဟာ လူသားချင်းစာနာမှုအဖြစ် မြန်မာနိုင်ငံကို ဒေါ်လာ သန်းနဲ့ချီ အကူအညီပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ဒါ့အပြင် USAID ရဲ့ အစီအစဉ်နဲ့ Cisco၊ Google၊ HP၊ Intel၊ Microsoft စတဲ့ သတင်းနဲ့ဆက်သွယ်ရေး အဆင့်မြင့် နည်းပညာဆိုင်ရာ လုပ်ငန်းတွေက အမေရိကန် ကိုယ်စားလှယ်တွေဟာလည်း ရန်ကုန်၊ နေပြည်တော်မှာ ဆွေးနွေးပွဲတွေ လုပ်ဆောင်နေပါတယ်။

ဒီအဖွဲ့ဟာ ပြည်သူလူထုတွေ၊ ပုဂ္ဂလိက လုပ်ငန်းကိုယ်စားလှယ်တွေ၊ တက္ကသိုလ်ကျောင်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နည်းပညာ ကုမ္ပဏီတွေက လူထုအတွက် သတင်းအချက်အလက်ရရှိတာကို ပိုကောင်းအောင် ဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးခဲ့ပါတယ်။

သတင်းနဲ့ နည်းပညာ သင်တန်းတွေ အစိုးရနဲ့ နိုင်ငံသားတွေအကြား ဆက်သွယ်ရေး စနစ်တွေ တည်ဆောက်ရေး အပါအ၀င် ပညာရေးစနစ် အဆင့်တိုင်းမှာ အရည်အသွေးတွေ တည်ဆောက် ပေးနေတဲ့ အခြအနေတွေကို စစ်ဆေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013