DVB Logo
Home
သတင်းတို
တရားစီရင်ရေးမဏ္ဍိုင် ခိုင်မြဲရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
March 5, 2013
တရားစီရင်ရေးမဏ္ဍိုင် ခိုင်မြဲရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဖို့ဆိုရင် ပြည်တွင်းတရားစီရင်ရေး အခင်းအကျင်း အဆင့်အတန်း မီဖို့ လိုတယ်လို့ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မတ်လ ၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ “Convention on the Recognition and Enforcement of Foreign Arbitral Awards, 1958 (New York Convention)” စာချုပ်ထဲကို မြန်မာနိုင်ငံ ၀င်ရောက်ရေး ကိစ္စ ဆွေးနွေးစဉ် ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ဘယ်လိုစာချုပ်ထဲပဲ ၀င်ဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမယ့်သူတွေ အဓိက ကြည့်တာ ပြည်တွင်း အခင်းအကျင်း ဖြစ်တာကြောင့် သူတို့ ယုံကြည်မှုရအောင် လိုအပ်တာတွေ ပြင်ဆင်ထားသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

လွှတ်တော်အစည်းအဝေးမှာ ၁၉၅၈ နယူးရော့ခ် ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ဖို့ လွှတ်တော်က သဘောတူ လက်ခံခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013