DVB Logo
Home
သတင်းတို
ဟံသာဝတီ ကားပွဲစားတန်းကိစ္စ ပြေလည်မှုရရှိ
DVB
·
March 5, 2013
ဟံသာဝတီ ကားပွဲစားတန်းကိစ္စ ပြေလည်မှုရရှိ
Donate to DVB

ဟံသာဝတီ ကားပွဲစားတန်းကို အဆင့်မြှင့်ဖို့ဆိုပြီး ပိတ်လိုက်တဲ့အတွက် ပေါ်ပေါက်လာတဲ့ ဆန္ဒပြမှုတွေဟာ ရန်ကုန် ပြည်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထိပ်က ယာဉ်ကြီးရောင်းဝယ်ရေးစခန်းမှာ လုပ်ကိုင်ခွင့်ပြုလိုက်တဲ့ အတွက် ပြေလည်မှုရသွားပြီလို့ ကားပွဲစားတချို့က ပြောပြပါတယ်။

နဂိုက မင်းရဲကျော်စွာလမ်းထိပ် ယာဉ်ရောင်းဝယ်ရေး ယာယီစခန်းကို ကားအကြီးစားတွေကိုပဲ ရောင်းဝယ် ခွင့်ပြုခဲ့ရာကနေ မတ်လ ၁ ရက်နေ့ မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကားအငယ်တွေကိုပါ ရောင်းဝယ်ခွင့်ပြုလိုက်တာ၊ ကားရေဆေး ဆီထိုးလုပ်ငန်းနဲ့ စားသောက်ဆိုင်တွေကိုပါ ဖွင့်လှစ်ခွင့်ပြုလိုက်တာကြောင့် ဆန္ဒပြမှု ပြဿနာ ပြေလည်သွားတာ ဖြစ်ပါတယ်။

ဟံသာဝတီကားပွဲစားတန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သီရိမင်္ဂလာဈေးအဟောင်းဆီ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းတာကို ကန့်ကွက်တဲ့အနေနဲ့ ကားသမားတွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့တွေမှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဟံသာဝတီကားပွဲစားတန်း    (ကြံတောသချုင်္ိင်းဟောင်း) မှာ လက်ရှိ လုပ်နေကြတဲ့ မော်တော်ကား ရောင်းဝယ်ရေး စခန်းနေရာဟာ ၁၉၉၇ ခုနှစ်က မြို့တော်ဝန် ဦးကိုလေးလက်ထက်က ခွင့်ပြုခဲ့တဲ့ နေရာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013